ရန်ကုန်တောင်ပိုင်းခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေး (၂၀၀၈)ကို ယမန်နေ့နံနက်ပိုင်းတွင်သန်လျင်မြို့ရှိ ခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံး ရှင်စောပုခန်းမ၌ ကျင်းပရာပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ်အမှုဆောင်(ရန်ကုန်တိုင်း တာဝန်ခံ) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ ဒုတိယမြို့တော်ဝန် ဗိုလ်မှုးကြီးမောင်ပါ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး ၂၀၀၇-၂၀၀၈ ပညာသင်နှစ်တွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။
ဆန်ကုန်သည်များအသင်း ဥက္ကဌဦးအောင်သန်းဦး လှူဒါန်းသည့်အလှူငွေကျပ် သုံးသိန်းကို တိုင်းအတွင်းရေးမှူး ဦးအေးမြင့်က လက်ခံပြီးလေဘေးသင့်ဒေသများတွင် သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် အသင်းဝင် ၁၅ဦးအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှုင့် ကြကာ သင်းလုံးကျွတ်အစည်းအဝေး ကို ဆက်လက် ကျင်းပသည်။
အလားတူ ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေး(၂၀၀၈)ကို စက်တင်ဘာ ၂၁ရက် မွန်းလွဲပိုင်းတွင် အင်းစိန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ်အမှုဆောင် (ရန်ကုန်တိုင်း တာဝန်ခံ) ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဌ ဒုတိယမြို့တော်ဝန် ဗိုလ်မှူးကြီး မောင်ပါတက်ရောက်၍ အမှာစကားပြောကြားပြီး ၂၀၀၇-၂၀၀၈ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများချီးမြှင့်သည်။
ထို့နောက် လေဘေးသင့်ဒေသများတွင် သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် အသင်းဝင်များနှင့်လူမှု ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် အသင်းဝင်များအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး အလှူရှင်၄၀တို့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူငွေကျပ် ၁၅သိန်းကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ဆက်လက်၍ အစည်းအဝေး အစီအစဉ်များကို ဆက်လက်ကျင်းပကြောင်း သတင်းရရှိသည်။

No comments:
Post a Comment