Tuesday, September 23, 2008

တီးတိန်မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ဘောလုံးပြိုင်

တီးတိန်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတို့ ပူးပေါင်း၍ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း နာယကဖလား မိုးရာသီဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၆ရက် ညနေ ၃နာရီခွဲက ကမ်းဟောက်ဘောလုံးကွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဦးအောင်ဇော်မိုးက အမှာစကား ပြောကြားပြီး ကွင်းဖွင့်ပွဲအဖြစ် မြို့မအသင်းနှင့် အထက(၁)တို့ ယှဉ်ပြိုင်ကစားကြရာ မြို့မအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။
ပါဝင်
အဆိုပါ မိုးရာသီဘောလုံးပြိုင်ပွဲတွင် မြို့ပေါ်လေးရပ်ကွက် အပါအဝင် စုစုပေါင်း ခုနစ်သင်း ပါဝင် ယှဉ်ပြိုင် ကြကြောင်း သိရသည်။

No comments: