Wednesday, October 8, 2008

နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကိုကို၊အစိုးရအဖွဲ့-အဖွဲ့ဝင် ၀န်ကြီးများ၊ဒုတိယ၀န်ကြီးများ၊အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရဟတ်ယာဉ်ဖြင့် ထွက်ခွာလာရာ ဧရာဝတီတိုင်း ဖျာပုံမြို့သို့ ရောက်ရှိကြသည်။
ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧရာဝတီတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ ဥက္ကဌ၊အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ဆွေနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်စိုးနိုင်တို့ လိုက်ပါ၍ ရဟတ်ယာဉ်ဖြင့် ထွက်ခွာခဲ့ရာ ခရီးလမ်းတွင် ဖျာပုံ-သမိန်ထော-ကျုံကဒွန်း-ဒေါ်ညိမ်းလမ်း အခြေအနေကိုလည်းကောင်း၊ စိုက်ပျိုးပြီး မိုးစပါးများ ဖြစ်ထွန်းအောင်မြင်မှု အခြေအနေများကိုလည်းကောင်း ရဟတ်ယာဉ်ပေါ်မှ ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နံနက် ၇ နာရီ မိနစ် ၅၀ တွင် ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာသို့ ရောက်ရှိကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ဒေသခံကျေးလက်ပြည်သူများက ကြိုဆိုနှုတ်ဆက်ကြပြီး နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသ၏ စီးပွားရေး၊ပညာရေး၊ကျန်းမာရေးဆိုင်ရာ သိလိုသည်များကို မေးမြန်းကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဒေါ်ညိမ်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲသို့ ရောက်ရှိပြီး ကျောင်းစာသင်ခန်းများ၌ ကျောင်းသား၊ကျောင်းသူများ ပညာသင်ယူမှုအခြေအနေများကို ကြည့်ရှု အားပေး၍ ကျောင်းသား၊ကျောင်းသူများအား နိုင်ငံတော်က အားထားရသည့် ထူးချွန်ထက်မြက်သော အသိပညာရှင်၊အတတ်ပညာရှင်များ ဖြစ်လာရေး စာကြိုးစားကြရန်နှင့် ကျောင်းစည်းကမ်းမှ အစပြု၍ ရပ်ရွာစည်းကမ်းမှ အစပြု၍ ရပ်ရွာစည်းကမ်းနှင့် တရားဥပဒေများကို လေးစားလိုက်နာ
ကြရန် မှာကြားသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် ကျောင်းခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊လူမှုရေးအသင်းအဖွဲ့ဝင်များ၊ဒေသခံ ရပ်မိရပ်ဖ များနှင့် တွေ့ဆုံရာ ဖျာပုံမြို့နယ်၏ ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများကို ကြီးကြပ်ကွပ်ကွဲနေသော ဟိုတယ်နှင့်
ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်စိုးနိုင်က ဖျာပုံမြို့နယ် အမာမြို့နှင့် ပတ်ဝန်းကျင်ဒေသ၏ ပထ၀ီဆိုင်ရာ အချက်အလက်များ၊ လမ်ပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ သန့်ရှင်းသော သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိ စသည့်တို့ကို ကြည့်ရှု့မှာကြားသည်။ထိုမှတဆင့် ဆက်လက်ထွက်ခွာကြရာ နံနက်ပိုင်းတွင် ထော်တလုတ်ကျေးရွာအနီးရှိ မအူပင် ကျိုက်ပိ- မော်လမြိုင် ကျွန်းလမ်း မိုင်တိုင်သို့ ထွက်ခွာကြသည်။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရွှေတောင်မှော်- ကျိုက်ပိ- မော်လမြိုင်ကျွန်းလမ်းဆောင်ရွက်နေမှုကို ကြည့်ရှု့စစ်ဆေးသည်။

No comments: