မန္တလေးမြို့တွင်ရောက်ရှိနေသော နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်အုန်းမြင့် ၊ မန္တလေးတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှုးဗိုလ်မှုးချုပ်တင်ငွေ ၊ အစိုးရအဖွဲ့ အဖွဲ့ဝင် ၀န်ကြီးများ ၊ ဒုတိယ၀န်ကြီးများ ၊ အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှုးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါလျက် အောက်တိုဘာ၎ရက်မွန်းလွဲပိုင်းတွင် မန္တလေးမြို့ ၆၂လမ်းအား မွမ်းမံပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှု့စစ်ဆေးသည်။
မန္တလေးတော်ဝင်စက်မှုလက်မှုကုမ္ပဏီလီမိတက်
ထို့နောက်နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မန္တလေးမြို့ စိန်ပန်းစက်မှုဇုန်(၂) ၅၁လမ်းနှင့် ဖိုးရာဇာလမ်းထောင့်ရှိ မန္တလေးတော်ဝင် စက်မှုလက်မှု ကုမ္ပဏီလီမိတက်သို့ ရောက်ရှိကြရာ ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်နှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
ယင်းနောက်နိုင်ငံတော်ဝန်ကြီးချုပ်သည် မန္တလေးတော်ဝင်စက်မှုလက်မှု ကုမ္ပဏီစက်ရုံ Machine Shop(1) အတွင်း၌ ကြက်ဆူကြိတ်စက်နှင့် အဆိုပါစက်မှ ထုတ်လုပ်ထားသည့် ကြက်ဆူဆီနမူနာများကို ကြည့်ရှု့စစ်ဆေးရာ ကုမ္ပဏီဥက္ကဋ္ဌက ရှင်းလင်းတင်ပြသည်။
အစဉ်အမြဲစစ်ဆေး
ထို့နောက်နိုင်ငံတော်ဝန်ကြီးချုပ်သည် ဧရာဝတီတံတား(ရတနာပုံ )၏ ခံနိုင်ဝန်အခြေအနေ၊ ဧရာဝတီမြစ်၏ ရေစီးရေလာအခြေအနေနှင့် မြစ်အတွင်းရေယာဉ်များသွားလာနေမှု ကို ကြည့်ရှု့စစ်ဆေးပြီး တံတားကြီးရေရှည်ကောင်းမွန်နေရေးအတွက် အစဉ်အမြဲစစ်ဆေး၍ ကြံ့ခိုင်မှုလုပ်ငန်းများဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဧရာဝတီတံတား (ရတနာပုံ) ပေါ်သို့ မော်တော်ယာဉ်များဖြင့်ဖြတ်သန်းကာ စစ်ကိုင်းဘက်ခြမ်း တံတားချဉ်းကပ်လမ်းတစ်လျှောက် လမ်းအပိုင်းအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
လျှပ်စစ်ဓာတ်အားပေးစက်ရုံ
ထိုမှတစ်ဆင့် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မန္တလေးမြို့မှ မန္တလေး-ရန်ကုန် ပြည်ထောင်စုလမ်းမကြီးအတိုင်း မော်တော်ယာဉ် များဖြင့် ထွက်ခွာကြပြီး ကျောက်ဆည်မြို့နယ် တံစိုးကျေးရွာ၌ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဇီဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးရုံသို့ ရောက်ရှိကြသည်။
ထို့နောက်နိုင်ငံတော်ဝန်ကြီးချုပ်အား ရှင်းလင်းဆောင်၌ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်စိုးက ၀န်ကြီးဌာနမှ ကျေးရွာများတွင် အိမ်ထောင်စုအလိုက် မီးထွန်းရန် ၊ ထမင်း၊ဟင်းချက်ပြုတ်ရန်နှင့် လယ်ယာများတွင် မြေသြဇာအဖြစ်အသုံးပြုရန် သုတေသနပြုစမ်းသပ်ထားသည့် ဇီဝဓာတ်ငွေ့နှင့် ဇီဝသဘာဝမြေသြဇာထုတ်လုပ်မှုနှင့် စပ်လျဉ်း၍ ပဏာမ ရှင်းလင်းတင်ပြသည်။
အကျိုးကျေးဇူး
ယင်းနောက်ဇီဝဓာတ်ငွေ့ဖြင့် ကျေးလက်ဒေသ မီးလင်းရေးဆောင်ရွက် ချက်များနှင့်စပ်လျဉ်း၍ နည်းပညာတက္ကသိုလ်(ကျောက်ဆည်) ဓာတုအင်ဂျင်နီယာဌာန ကထိက ဒေါက်တာဒေါ်စိုးစိုးအုန်းက လုပ်ငန်းရည်ရွယ်ချက် ၊ ဇီဝဓာတ်ငွေ့ ထုတ်ကုန်၏ အစိတ်အပိုင်းများ ၊ ဓာတ်ငွေ့ထုတ်ကုန်အရွယ်အစား ရွေးချယ်ခြင်း ၊ လိုအပ်မည့်ကုန်ကြမ်းပမာဏနှင့် အသုံးပြုနိုင်မှုများ ၊ ဇီဝဓာတ်ငွေ့ အသုံးချခြင်း၊ ဇီဝအရည်ဖြင့် စိုက်ပျိုးရေးတွင် အသုံးပြုခြင်း ၊ ဇီဝဓာတ်ငွေ့ကုန်အတွက် လိုအပ်သောပစ္စည်းများ ၊ ရရှိမည့်အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ နည်းပညာတက္ကသိုလ် (ကျောက်ဆည်) ဇီဝနည်းပညာဌာန ကထိက ဒေါက်တာဒေါ်စန်းစန်းယုက သဘာဝဇီဝဓာတ်မြေသြဇာနှင့် စပ်လျဉ်း၍ သုတေသနတွေ့ရှိချက်များ ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ထုတ်လုပ်သည့် ရွှေဇီဝသဘာဝ ဇီဝမြေသြဇာ၏ ထူးခြားချက်များ ၊ ပါဝင်သော အကျိုးပြု အဏုဇီဝပိုးများ အသုံးပြုနည်း ၊ သီးနှံပင်အလိုက် အသုံးပြုနှုန်း သတ်မှတ်ချက်များကို ရှင်းလင်းတင်ပြသည်။
စည်းရုံးဆောင်ရွက်
ထို့နောက်နိုင်ငံတော်ဝန်ကြီးချုပ်က ကျွဲ၊ နွားတို့၏ စွန့်ပစ်ပစ္စည်းများမှ ထွက်ရှိသော ဇီဝဓာတ်ငွေ့ဖြင့် အောက်လင်းဓာတ်မီးနှင့် မီးဖိုများ အသုံးပြုနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိမှုကို သိရှိစေရေးအတွက် ကျေးရွာများတွင် မိသားစုသုံး ဓာတ်ငွေ့ကန်များ နမူနာတည်ဆောက်စေရန် ၊ မိသားစုသုံးဓာတ်ငွေ့ကန်များ ကိုယ်တိုင်တည်ဆောက် အသုံးပြုနိုင်ရေးအတွက် ဆင့်ပွားပညာပေး သင်တန်းများ စီစဉ်ပေးရန် ၊ မိသားစုအလိုက် ကျွဲ၊နွား ခြောက်ကောင်မှ ၁၀ကောင်အတွင်း မွေးမြူထားရုံနှင့် ဇီဝဓာတ်ငွေ့အသုံးပြုနိုင်ကြောင်း တာဝန်ရှိသူများက စည်းရုံးဆောင်ရွက်သွားရန်။
လက်တွေ့ပြသ
ရွှေဇီဝ သဘာဝမြေသြဇာကို သတ်မှတိနှုန်းထားအတိုင်း အသုံးပြုပါက ငွေကုန်သက်သာပြီး သီးနှံများအထွက်တိုးကြောင်းကို တောင်သူလယ်သမားများသိရှိရေး လက်တွေ့ပြသပေးရန်နှင့် ရွှေဇီဝသဘာဝမြေသြဇာ၏ အကျိုးသက်ရောက်မှုကို တောင်သူလယ်သမားများ ကျယ်ကျယ်ပြန့်ပြန့်သိရှိရေးအတွက် ရေဒီယို၊ရုပ်မြင်သံကြားနှင့် စာစောင်များဖြင့် ပညာပေးအစီအစဉ်များ ဆောင်ရွက်ပေးရန်တို့ကို မှာကြားသည်။
ထို့နောက်နိုင်ငံတော်ဝန်ကြီးချုပ်သည် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ထုတ်လုပ်သောရွှေဇီဝ သဘာဝမြေသြဇာနှင့် ကုန်ကြမ်းပစ္စည်းများကိုလည်းကောင်း၊ တံစိုးကျေးရွာ ဇီဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ တိုက်ရိုက်ဓာတ်ငွေ့ဖြင့် အောက်လင်းမီးထွန်းနိုင်မှု ၊ ထမင်းပေါင်းအိုးချက်နိုင်မှု အခြေအနေများကိုလည်းကောင်း ကြည့်ရှု့စစ်ဆေးသည်။
Tuesday, October 7, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment