အီရတ်နိုင်ငံ နင်နီးဗားပြည်နယ် မိုလ်ဆူးမြို့တွင် အောက်တိုဘာ ၁၁ ရက်က ပစ်ခတ်မှုဖြစ်ပွားရာ လေးဦးသေဆုံးပြီး
သုံးဦးဒဏ်ရာရရှိသွားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှလာသော သတင်း၌ ဖော်ပြသည်။
မိုလ်ဆူးမြို့လယ်ကောင် ဈေးအနီးတွင် ရဲတပ်ဖွဲ့ဝင် နှစ်ဦးအား မည်သူမည်ဝါမှန်းမသိသူ သေနတ်သမားများက ပစ်
ခတ်ရာ အရပ်သားတစ်ဦးနှင့် ရဲတပ်သားတစ်ဦး သေဆုံးသွားပြီး အခြားနှစ်ဦးဒဏ်ရာရရှိသွားသည်ဟု အမည်မဖော်လိုသူတစ်ဦးကပြောကြားသည်။
အခင်းဖြစ်ပွားရာတွင် ရောက်နေသူရဲသားတစ်ဦးက သေနတ်သမားများကို ပြန်လည်ပစ်ခတ်ရာ သေနတ်သမားတစ်ဦးသေဆုံးသွားပြီး ၎င်းရဲတပ်ဖွဲ့ဝင်မှာလည်း ဒဏ်ရာရရှိသွားသည်ဟု ရဲသတင်းရက်ကွက်ကဖော်ပြသည်။

No comments:
Post a Comment