Wednesday, October 15, 2008

ကိုလံဘီယာ၌ ရေကြီး၍ မြေပြို ပြည်သူ ၁၀၀၀၀၀ ကျော် ဘေးဒုက္ခကြုံတွေ့

ကိုလံဘီယာနိုင်ငံအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မြေပြိုခြင်းနှင့် ရေကြီးခြင်းတို့ကြောင့် ပြည်သူ ၁၀၀၀၀၀ ကျော် ရေဘေးဒုက္ခနှင့် ကြုံတွေ့နေရသည်။ ကော်ဒိုဘာဒေသမြောက်ပိုင်းတွင် ရေဘေးဒဏ်မှာ အဆိုးရွားဆုံး ရင်ဆိုင်နေရသည့်အဖြစ် ဟုဆိုသည်။
ကော်ဒိုဘာဒေသမှ ပြည်သူ ၁၇၀၀၀ကျော်တို့အား ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ရသည်။ ယခုရက်သတ္တပတ်အတွင်း မိုးရွာသွန်းမှု လျော့နည်းမည်ဟု ခန့်မှန်းထားသော်လည်း ဆန်ဂျော့နှင့် ဆီနုမြစ်တို့ ၀န်းကျင်ဒေသများ၌ ရေကြီးနေဆဲဖြစ်သည်။
ကိုလံဘီယာနိုင်ငံ၏ ထက်ဝက်ကျော်သည် ရာသီဥတုဖောက်ပြန်သည့်ဒဏ်ကို ကြုံတွေ့နေရသည်။

No comments: