Friday, October 17, 2008

(၁၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းမအနား အတွင်းရေးမှူး(၁) တက်ရောက်မိန့်ခွန်းပြောကြား

အမျိုးဂုဏ်၊ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ အပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ တစ်မျိုးသားလုံး၏ စိတ်ဓာတ်နှင့်အကျင့်စာရိတ္တမြင့်မားမှု ပိုမိုတိုးတက်ဖြစ်ထွန်းစေရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုအခြေခံသည့် စစ်မှန်သောမျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများကို ဆက်လက်သယ်ပိုး ထိန်သိမ်းစောက်ရှောက် မည့်မျိုးဆက်သစ်များ ပေါ်ထွန်းရေးဟူသော ပြိုင်ဦးတည်ချက်များနှင့်အညီ စည်ကားသိုက်မြိုက်စွာဖြင့် နှစ်စဉ်ကျင်းပလျက်ရှိသည့် (၁၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းမနားကို ယနေ့နံနက် ၈နာရီတွင် နေပြည်တော်မြို့တော်ခန်းမ၌ ကျင်းပရာ (၁၆)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေး နာယက နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၁) ဒုတိယဗိုလ်ချုပ်ကြီးသီဟသူရတင်အောင်မြင့်ဦး တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။

No comments: