Thursday, October 16, 2008

အရက်ကို လွန်လွန်ကဲကဲ သောက်သုံးခြင်းဖြင့် ဦးနှောက် ကျုံ့မှုနှူန်း ပိုမိုမြန်ဆန်

အရက်ကို လွန်လွန်ကဲကဲ သောက်သုံးခြင်းဖြင့် ဦးနှောက် ကျုံ့မှုနှူန်းကို ပိုမိုမြန်ဆန်စေကြောင်း အရက်သောက်သုံးသူ၏ ဦးနှောက်သည် ထူးကဲစွာ ကျုံ့သွားနိုင်ပြီး ဦးနှောက်လုပ်ငန်းစဉ် ပျက်စီးသည့် နာမကျန်းမှု (Dementia)ကို ခံစားရနိုင်ကြောင်း အမေရိကန် သိပ္ပံပညာရှင်များက ပြောကြားသည်။
လူ၏ဦိးနှောက်သည် အသက်အရွယ်အိုမင်းလာမှုနှင့်အတူ ကျုံ့တတ်သည်မှာသဘာဝဖြစ်သည်။သာမန်အားဖြင့် ဆယ်စုနှစ်တစ်စုလျှင် နှစ်ရာခိုင်နှုန်းအောက်သာ ဦးနှောက်မှုဖြစ်ပေါ်သည်။
အရက်ကို အလွန်အကျွန်သောက်သုံးမှုနှင့် ဦးနှောက်ထိခိုက်မှုဆက်နွှယ်မှုရှိကြောင်း၊ အထူးသဖြင့် ကာလကြာရှည်စွာ အရက်သောက်သုံးလာသော အမျိုးသမီးများ၏ဦးနှောက်သည် သာမန်အခြေအနေထက် ပိုမို ကျုံ့နိုင်ကြောင်း ဝက်စလေကောလိပ်မှ သုတေသီ ကာရိုးလ်အန်းပေါလ်က ပြောကြားသည်။
အန်းပေါလ်နှင့်အဖွဲ့သည် ၁၉၇၁ ခုနှစ်မှစတင်၍ အရက်သောက်မှုနှင့် ဦးနှောက်ထိခိုက်မှုတို့ ဆက်စပ်ပုံကိုလေ့လာခဲ့သည်။၎င်းတို့သည် ပျမ်းမျှအသက် ၆၀ အရွယ်ရှိ အရွယ်ရောက်ပြီးသူ ၁၈၃၉ဦးကို လေ့လာခဲ့ရာတွင် အရက်အလွန်အကျွံ သောက်သူများ၏ ဦးနှောက်သည် သာမန်ထက် ပိုကျုံ့သွားသည်ကို တွေ့ရသည်။
သုတေသီများသည် MRI ပုံရိပ်ဖော်စက်ဖြင့် ဦးနှောက်များကို လေ့လာခဲ့ပြီးနောက် လေ့လာချက်စာတမ်းကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။


No comments: