Thursday, October 16, 2008

ရုရှားတောင်ပိုင်းတွင် ငလျင်လှုပ် ၁၃ ဦးသေဆုံး အဆောက်အအုံ ၁၀၀၀ ကျော်ပျက်စီး

ရုရှားနိုင်ငံတောင်ပိုင်းတွင် လွန်ခဲ့သောစနေနေ့က ငလျင်လှုပ်မှုကြောင့် အဆောက်အအုံ ၁၀၀၀ကျော် ပျက်စီးခဲ့ပြီး ဒေသခံပြည်သူထောင်နှင့်ချီ၍ ဘေးဒုက္ခကြုံတွေ့ခဲ့ရကြောင်း အင်္ဂါနေ့တွင် မီဒီယာများကဖော်ပြသည်။
အဆိုပါငလျင်သည် ရှရားနိုင်ငံမြောက်ဘက် ကော့ကေးဆပ်ပြည်နယ် ချေးချင်းညာဒေသတွင် အင်အား ရစ်ခ်ျတာစကေး ၅ အဆင့်ကျော်အထိ လှုပ်ခတ်ခဲ့ပြီး အိမ်နီးချင်း ဒါဂျစ္စတန်နိုင်ငံ အင်ဂူရှီတီးယား ၊ မြောက်အော်ဆတီးယားနှင့် စဗော့ရိုပေါလ်ဒေသ တို့တွင်လည်း တုန်ခါသွားခဲ့သည်။
ငလျင်လှုပ်မှုကြောင့် ကလေးခြောက်ဦးအပါအ၀င် ၁၃ဦးသေဆုံးခဲ့ပြီး ၁၀၅ဦးဒဏ်ရာရရှိကြောင်း အီတာတာ့စ်သတင်းဌာနက ဖော်ပြသည်။

No comments: