နိုင်ငံတော်အစိုးရက တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးရည်မှန်းချက်ကို ချမှတ်ဖော်ဆောင်နေသည်။ အမျိုးသားကျန်းမာရေးကော်မတီ၏ လမ်းညွှန်မှုနှင့်အညီ ပြည်သူ့ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းသည် ပြည်သူတို့၏ ကျန်းမားရးအဆင့်အတန်း မြင့်မားရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်း ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ပြည်နယ်၊တိုင်း ၊ခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်ရေး ကြီးကြပ်ရေးအဖွဲ့ အဆင့်ဆင့်နှင့် မြို့နယ်အသင်းပေါင်း သုံးရာကျော်တို့က ပြည်သူလူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်ကူညီလျက်ရှိကြသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်မွေးဖွားသော ကိုယ်ဝန်ဆောင်မိခင်ပေါင်း တစ်သန်းကျော်ရှိရာ မိခင်များနှင့် မွေးစကလေးများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးမြှင့်ဖော်ဆောင်ပေးနေသည်ကို တွေ့ရသည်။ ကျေးရွာတစ်ရွာတွင် ကျွမ်းကျင်သောသားဖွားဆရာမ တစ်ဦးရှိရေး ရည်ရွယ်လျက်သားဖွားဆရာမများ တိုးမြှင့်မွေးထုတ်ပေးလျက်ရှိသကဲ့သို့ အရန်သားဖွား ဆရာမများကိုလည်း ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစကလေးစောင့်ရှောက်မှုဆိုင်ရာ သင်တန်းများပေးလျက်ရှိသည်။
ထို့ပြင်မြို့ပြနှင့် ကျေးလက်ဒေသများရှိ ကျန်းမာရေးဌာနများ၌ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ပညာပေးခြင်း ၊ ပိုးမွှားသန့်စင်သောနည်းဖြင့် စနစ်တကျမွေးဖွားပေးခြင်း ၊ မွေးပြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုပေးခြင်း ၊ ငါးနှစ်အောက်ကလေးစောင့်ရှောက်မှုပေးခြင်း ၊ မိခင်နှင့်ကလေး အာဟာရဖွံ့ဖြိုးရေး ပညာပေးခြင်းနှင့် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အဓိကဆောင်ရွက်ပေးနေပြီဖြစ်သည်။
မိခင်များ ကိုယ်ဝန်ဆောင်ချိန် ၊ မီးဖွားစဉ်နှင့် မီးဖွားပြီး ကာလများ၌လည်း စနစ်တကျ စောင့်ရှောက်မှုပေးလျက်ရှိသည်။ ထို့ပြင် မျိုးပွားအင်္ဂါလမ်းကြောင်းရောဂါ၊ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကာကွယ်ကုသပေးခြင်း ၊ လူငယ်မျိုးပွား ကျန်းမာရေးလုပ်ငန်း ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုအခါ မြန်မာနိုင်ငံရှိ ကိုယ်ဝန်ဆောင်မိခင်များ၏ လေးပုံသုံးပုံကျော်သည် လေ့ကျင့်ထားသော ကျန်းမာရေးဝန်ထမ်းများ၏ စနစ်တကျစောင့်ရှောက်မှုကို ခံယူရရှိနေကြပြီဖြစ်သည်။
နိုင်ငံတော်အစိုးရက မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တိုးမြှင့်ဖော်ဆောင်လျက်ရှိရာတွင် မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရေး အသင်းဝင်များ၏ စေတနာရှင်ပြည်သူများက မိခင်နှင့်ကလေးငယ်များအပါအ၀င် အသက်အရွယ်မရွေး အင်အားပြည့် ဗီတာမင်အေဆေးလုံး၊ သံဓာတ်ဆေးပြား၊ ဗီတာမင်ဘီဝမ်းဆေးပြားများ တိုက်ကျွေးခြင်း၊ အာဟာရဓာတ်ဖြည့်စွတ်ထားသည့် အစားစအစာများထုတ်လုပ်စားသုံးစေခြင်း၊ ကာကွယ်ဆေးထိုး၊ ဆေးတိုက်ကျွေးခြင်း စသည့်လုပ်ငန်းများ၌ ပြည်သူလူထု အခြေပြုလက်တွဲညီညီ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။

No comments:
Post a Comment