ရုရှားခေါင်းဆောင် ဒီမီထရီ မတ်ဖီဒက် က ပြောကြားရာတွင် အိုဘားမားအမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရကြောင်း ကြေညာလိုက်သည့်နေ့တွင် မှာပင် ဥရောပတွင် အမေရိကန်တို့အား ရင်ဆိုင်ရန် ဥရောပ၌ ဒုံးပျံအသစ်များချထားမည်ဟု ပြောကြားလိုက်သည်။
မတ်ဖီဒက်က ဆက်လက်ပြောကြားရာတွင် ပိုလန်နှင့် လစ်သူယေးနီးယား အကြားရှိ ကာလီနင်ဂရတ် မြို့၌ သမရိုးကျ ထိပ်ဖူးများတပ်ဆင်ထားသည့် တာတိုပစ်ဒုံးပျံစနစ်များ နေရာတွင် ဒုံးပျံအသစ်များဖြင့် အစားထိုးမည်ဟု ပြောကြားခဲ့သည်။ လိုအပ်လာပါက ဒုံးပျံကာကွယ်ရေးစနစ်ကို တိုက်ဖျက်ရန် ကာလီနင်ဂရတ်ဒေသတွင် အီစကန်ဒါဒုံးစနစ်ချထားလိမ့်မည် ဖြစ်ပါတယ်ဟု မတ်ဖီဒတ်က ပိုလန်နှင့် ချက်သမ္မတနိုင်ငံများတွင် ချထားမည့် ဒုံးပျံကာကွယ်ရေးဒိုင်းများကို ရည်ညွှန်း၍ပြောကြားခဲ့သည်။ မတ်ဖီဒတ်သည် အမေရိကန်ပြည်ထောင်စုအား ၄င်း၏ စီးပွားရေး ပေါ်လစီကို အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသည့်အတွက် ပြစ်တင်ပြောကြားခဲ့သည်။ ထို့ကြောင့် ဒေသဆိုင်ရာစီးပွားရေးအကျပ်အတည်းကို ကမ္ဘာလုံးဆိုင် ရာသို့ ပျံ့နှံ့သွားစေခဲသည်ဟု ပြောခဲ့သည်။
ရုရှားခေါင်းဆောင်သည် ကရင်မလင်၌ နှစ်ပတ်လည်နိုင်ငံတော်၏ အခြေပြမိန့်ခွန်းကို ဥပဒေပြု အမတ်များအားပြောကြားခဲ့သည်။ မတ်ဖီဒက်က အမေရိကန်ရုရှားဆက်ဆံရေးသည် မကြာမီ လများအတွင်းက တင်းမာမှုတိုးပွားလာခဲ့ကြောင်း အမေရိကန်တို့၏ ပိုလန်နှင့် ချက်သမ္မတနိုင်ငံ များတွင် ဒုံးပျံကာကွယ်ရေးစနစ်များချထားရန် စီစဉ်လာခြင်း၊ ဂျော်ဂျီယာ၊ ရုရှား ပဋိပက္ခတွင် အမေရိကန်တို့က ဂျော်ဂျီယာကို ထောက်ခံမှုပေးခြင်းနှင့် နေတိုးအဖွဲ့ဝင်များ အရှေ့ဘက်သို့ တိုးချဲ့လာခြင်းတို့သည် အနောက်နှင့် ဆက်ဆံရေးတင်းမာလာခြင်းများ၏ အကြောင်းအရင်းများ ဖြစ်ကြောင်းပြောကြားခဲ့သည်။ မတ်ဖီဒက်သည် ကမ္ဘာတစ်ခုလုံးက အမေရိကန်ရွေးကောက်ပွဲအ ပေါ်အာရုံစိုက်နေချိန်တွင် သူ၏သမ္မတသက်တမ်းကို လေးနှစ်မှခြောက်နှစ်သို့ တိုးချဲ့ရေးကို အဆိုပြုခဲ့သည်။ရုရှားသမ္မတ၏ သက်တမ်းသည် လေးနှစ်သက်တမ်းနှစ်ကြိမ်သာ အရွေးခံခွင့်ရှိသည်။ မစ္စတာပူတင်သည် ၂၀၀၀ခုနှစ်မှ ၂၀၀၀၈ခုနှစ်မေလအထိ သမ္မတတာဝန် နှစ်ကြိမ်ထမ်းဆောင်ခဲ့ပြီး ယခုအခါတွင် မတ်ဖီဒက်၏၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေ သည်။ နောက်တစ်ကြိမ်သမ္မတရွေးချယ်ပွဲတွင် မစ္စတာပူတင်သည် သမ္မတအဖြစ်ဝင်ရောက် ရွေးချယ်ခံနိုင်မည်ဟု ရုရှားဘဏ္ဍာရေးဝန်ကြီး အလက်ဇီကူဒရင် ကပြောခဲ့သည်။ ရုရှားဖွဲ့စည်းပုံကို ပြင်ဆင်ရန် ရုရှားလွှတ်တော်ဒူးမားသို့တင်ပြထားရာတွင် သမ္မတသက်တမ်းသည် ခြောက်နှစ် ကြိမ် ထမ်းဆောင်ရမည်ဖြစ်သည်။ ပါလီမန်အမတ်များ၏ သက်တမ်းသည်လည်း ၄နှစ်မှ၅နှစ်သို့ ပြောင်းလဲရန်အဆိုပြုထားသည်။ရုရှားသမ္မတမက်ဖီဒက်က ယခုလောလောဆယ် တွေ့ကြုံနေရ သောငွေကြေးဆိုင်ရာအကျပ်အတည်းကို အမေရိကန်ပြည်ထောင်စု ဥရောပသမဂ္ဂနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံကြီးများဖြစ်သော ဘရာဇီးလ်၊ရုရှား၊အိန္ဒိယနှင့် တရုတ်နိုင်ငံများနှင့် ပိုမို၍လုံခြုံမှုနှင့် တရားမျှတ မှုရှိစေရေးအတွက် စီးပွားရေးစနစ်တစ်ခု တည်ထောင်နိုင်ရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။ ရုရှားခေါင်းဆောင်သည် အမေရိကန်နိုင်ငံတွင် အိုဘားမားသမ္မတအဖြစ် အရွေးခံလိုက်ကြောင်း ကြေညာသည့်နေ့မှာပင် အိုဘားမားအကြောင်း လုံးဝဖော်ပြခြင်းမရှိပဲ ဥရောပတွင် အမေရိကန်တို့အား ရင်ဆိုင်ရန် ယခင်ရှိပြီး သမရိုးကျ ထိပ်ဖူးတပ်လက်နက်များနေရာတွင် ခေတ်မီအစွမ်းထက်သည့် ဒုံးပျံကာကွယ်ရေးစနစ်များ ချထားတော့မည်ဟု ကြေညာခဲ့သည်။
No comments:
Post a Comment