ဝါရှင်တန် ၂၀၀၈ခုနှစ် သမ္မတရွေးကောက်ပွဲတွင် မစ္စတာအိုဘားမားအနိုင်ရလိုက်ခြင်းဖြင့် ၂၀၀၁ ဇန်န၀ါရီလတွင် ဘီလ်ကလင်တန်နှုတ်ထွက်သွားချိန်မှစ၍ ဒီမိုကရက်တို့ ပထမဆုံးအကြိမ်အဖြစ် အိမ်ဖြူတော်ကို ကြီးစိုးသွားခွင့် ရရှိသွားခြင်းဖြစ်သည်။ သို့ဖြစ်၍ ဖြစ်ပေါ်လာသည့် အကျိုးဆက်အချို့ကို အောက်တွင် ဖော်ပြလိုက်သည်။
ငွေကြေးအကျပ်အတည်း
ယခုဖြစ်ပေါ်နေသော အမေရိကန်ပြည်ထောင်စု၏ ငွေကြေးအကြပ်အတည်းသည် မဟာစီးပွားရေး ကပ်ကြီးပြီးချိန်မှ စ၍ အဆိုးရွားဖြစ်သည်။ စီးပွားရေးပညာရှင်များက အမေရိကန်ပြည်ထောင်စု သည် စီးပွားရေးနေပြီး ယင်းကျဆင်းမှုသည် နောက်ဆံမည့် သမ္မတရာထူးဆက်ခံချိန် ဇန်န၀ါရီရောက်သည့်အခါ အဆိုးရွားဆုံးဖြစ်လာနိုင်သည်ဟု ဆိုသည်။ ထိုစီးပွားရေးကို တွန်းနှိုးရန် မစ္စတာအိုဘားမားသည် ဒုတိယအကြိမ်အဖြစ် ကမ်းလှမ်းချက် အစီအစဉ်တစ်ခု ထောက်ခံပြောဆိုပြီး အဆိုပါအစီအစဉ်တွင် အပေါ်ထပ်အဆောက်အအုံနှင့် အခွန်လျှော့ပေါ့ပေးငွေ နောက်တစ်ကျော့အတွက် ငွေကြေးထောက်ပံ့မှုပါဝင်သည်။အမေရိကန်ပြည်ထောင်စု၏ စီးပွားရေး အားနည်းမှုကိုအားဖြည့်နိုင်ရန် မစ္စတာအိုဘားမားနှင့် ဒီမိုကရက်တို့သည် စားသုံးသူများ ပြန်လည် ငွေကြေးသုံးစွဲနိုင်စေရန် ကြိုးပမ်းချက်အဖြစ် အမေရိကန်ဒေါ်လာ ၁၇၅ ဘီလီယံတန်ဖိုးရှိ ဒုတိယအကြိမ်အစီအစဉ်ကို သဘောတူနိုင်ဖွယ်ရာရှိသည်။
မစ္စတာအိုဘာမားသည် ကြွေးမြီးအကျပ်အတည်းနောက်ပိုင်းတွင် ငွေကြေးဆိုင်ရာ လုပ်ငန်းစည်း ကမ်းတကျ ထိန်းညှိရေးကို ဆောင်ရွက်မည့်ပုံရသည်။ ထိုကြွေးမြီးအကျပ်အတည်းသည် ဝေါလမ်းမ ကြီး(ဘဏ္ဍာရေးဗဟိုဌာနကြီး ) ထိခိုက်စေပြီး စတော့ ဈေးကွက် ထိုးကျသွားခဲ့သဖြင့် အငြိမ်းစား စုဆောင်းငွေ ဒေါ်လာဘီလီယံ များစွာ အမေရိကန်တို့ ဆုံးရှုံးနစ်နာနိုင်ခဲ့သည်။
နိုင်ငံရေးမူဝါဒ
အီရတ်မှအမေရိကန်တပ်များ စနစ်တကျ ရုပ်သိမ်းရေးနှင့် အာဖကန်နစ္စတန်တွင်ဖြစ်ပွား နေသော စစ်ပွဲအပေါ်ကြီးမားစွာ အလေးပေးဆောင်ရွက်မည်ဖြစ်ကြောင်း မစ္စတာအိုဘားမားက ကတိပေးထားသည်။သူ၏ကတိအတိုင်း ဆောင်ရွက်ရေးဒီမိုကရက်တို့က သူ့ကိုအားပေးကြမည်ဖြစ်သည်။ သို့ရာတွင် မကြာသေးမီလများက အီရတ်တွင် ဖြစ်ပေါ်လာသည့် အောင်မြင်မှုများက အမေရိကန်တပ်များ လုံးဝဆုတ်ပြီးချိန်အထိ တိုက်ပွဲဝင်တပ်ဖွဲ့များကို တစ်လလျင်တစ်တပ်နှုန်းဆုတ်ခွာမည့် သူ၏ကတိကို ဘရိတ်အုပ်ထားစေရန် အိုဘားမားအတွက် ဆွဲဆောင်စရာဖြစ်သည်။
မစ္စတာအိုဘားမားက အီရန်၊ ကျူးဘားနှင့် ဘင်နီဇွဲလား နိုင်ငံ များကဲ့သို့သော အမေရိကန်ပြည် ထောင်စုကိုရန်လိုသည့်နိုင်ငံများမှ ခေါင်းဆောင်များနှင့် ကြိုတင်သတ်မှတ်ချက်များမထားပဲ တွေ့ဆုံ လိုကြောင်းပြောဆိုသည်။
ထိုနိုင်ငံများနှင့် သံတမန်ဆက်ဆံရေးတိုးမြှင့်မည်ဖြစ်၍ မစ္စတာအိုဘားမားအနေဖြင့် ထိုခေါင်း ဆောင်များဖြင့် တွေ့ဆုံခြင်းအားဖြင့် အကျိုးရှိမရှိ ဆုံးဖြတ်ရန်ရည်ရွယ်သည်။
ကျန်းမာရေးစောင့်ရှောက်မှု
မစ္စတာအိုဘားမားသည်ကျန်းမာရေး စောင့်ရှောက်စရိတ်များမြင့်မားနေသည်ကို လျော့ကျရန် ဆောင်ရွက်ရေးနှင့် ကျန်းမာရေးအာမခံစနစ်ကို စီးပွားရေးဦးစားပေးတစ်ရပ်အဖြစ် ပြန်လည်ဖွဲ့စည်း ရေးကို သီးခြားရွေးထုတ်ထားသည်။ သူသည် အမျိုးသားကျန်းမာရေး အာမခံအစီအစဉ်တစ်ရပ်ကို လည်းအဆိုပြုထားရာ လူတစ်ဦးခြင်းနှင့် စီးပွားရေးလုပ်ငန်းငယ်လေးများအနေဖြင့် ပြည်နယ်အလုပ် သမားများနည်းတူကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ရန်ဖြစ်သည်။လောင်စာစွမ်းအင်
အမေရိကန်ပြည်ထောင်စုအနေဖြင့် နိုင်ငံခြားမှရေနံကို မီခိုအားထားနေရခြင်းသည် လုံခြုံရေးနှင့်စီး ပွားရေးနှစ်ရပ်စလုံး အန္တရာယ်တွေ့ရပုံရသည်။ မစ္စတာအိုဘားမားက သူ့အနေဖြင့် ကမ်းလွန်ရေနံ တူးဖော်ရေးနှင့် နျူကလီးယားစွမ်းအင်သုံးစွဲမှုကို လမ်းဖွင့်ပေးမည်ဖြစ်ကြောင်း၊ သို့သော် လောင်စာ စွမ်းအင် ပြည့်ဝရေးနှင့် အစားထိုးလောင်စာစွမ်းအင် အတွက် ရင်းနှီးမြှပ်နှံမှုထုထည်နှင့်တကွ တိုးပွားရေးကို အလေးပေးပြောဆိုသည်။
No comments:
Post a Comment