ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များ စီမံခန့်ခွဲရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၂၇မွန်းလွဲ၁နာရီတွင် ရန်ကုန်မြို့ ကုန်းမြင့်သာရှိ ရန်ကုန်တိုင်း စစ်ဌာနချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှေးဦးစွာ ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်ဆွေက အမှာစကား ပြောကြားသည်။ယင်းနောက် ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်မှူး ဗိုလ်မှူးချုပ်ဝင်းမြင့်က ရန်ကုန်တိုင်းအတွင်း စက်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု၊ ပံ့ပိုးပေးနေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ရန်ကုန်တိုင်း အတွင်းရှိ စက်မှုဇုန်များမှ စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များက လက်ရှိလုပ်ငန်း ကဏ္ဍအလိုက် ဆောင်ရွက်နေမှုနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်ဆွေ၊ တိုင်မှူးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကြသည်။
ဆက်လက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့နှင့် သက်ဆိုင်သော ကိစ္စရပ်များကို တင်ပြကြသည်။ ယင်းနောက် ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်ဆွေက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
No comments:
Post a Comment