Friday, November 28, 2008

အချိန်တိုအတွင်း ကုန်စည်ကူးသန်းရောင်းဝယ်မှု ပိုမိုမြန်ဆန်လာစေသည့် ပမ္မ၀တီတံတား (မြင်းကဆိပ်)

နိုင်ငံတော်တစ်ဝန်းလုံး ဒေသတစ်ခုနှင့်တစ်ခု အလွယ်တကူ ဆက်သွယ်သွားလာနိုင်မှသာ တိုင်းပြည်၏ လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်၍ ခေတ်မီနိုင်ငံတော်သစ်ဆီ အမြန်ရောက်ရှိလာမည်ဖြစ်ရာ နိုင်ငံတော်က ငွေကြေးအမြောက်အမြား အကုန်အကျခံပြီး လမ်းသစ်များ၊ တံတားသစ်များ၊ လေယာဉ်ကွင်းသစ်များ တည်ဆောက် ဖောက်လုပ်ပေးလျက်ရှိပေသည်။
မြစ်ချောင်းအင်းအိုင် ပေါများသည့် ဧရာဝတီတိုင်းကို မော်တော်ကားလမ်းတွေဖောက်၊ မြစ်ကူးတံတားကြီးများကို တစ်စင်းပြီးတစ်စင်း တည်ဆောက်ပေးခဲ့သည့်အတွက် ခရီးသွားပြည်သူများ အနေဖြင့် အချိန်တိုတိုအတွင်းမှာ ကုန်းလမ်းခရီးနှင့် သွားလာနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခင်က ရေလမ်းကိုသာ အားထားခဲ့ရသည့် ဧရာဝတီတိုင်းသည် ယခုဆိုလျင် မော်တော်ကားလမ်းများနှင့် မြစ်ကူးချောင်းတံတားများ ကွန်ယက်သဖွယ် ပေါ်ပေါက်နေပေပြီ။
၂၀၀၆ခုနှစ် မတ်၂၃ရက်က ဖွင့်လှစ်လိုက်သည့် ပမ္မ၀တီတံတား (မြင်းကဆိပ်)မှာ နိုင်ငံတော်၏ စေတနာကို ထင်ဟပ်ပေါ်လွင်စေသည့် ပြယုဂ်တစ်ခုသာမက ဧရာဝတီတိုင်း၏ လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု၏ မော်ကွန်းမှတ်တိုင်လည်းဖြစ်သည်။

No comments: