ရေမြေသဘာဝ သဘာဝ သယံဇာတ ပေါများကြွယ်သခြင်း၊လမ်းပန်းဆက်သွယ်မှုလွယ်ကူချောမွေ့ ခြင်း၊ ကုန်စည် စီးဆင်းမှုမြန်ဆန်သွက်လက်ခြင်းတို့သည်ပြည်သူများလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ် ချက်များဖြစ်သည်။
မြန်မာနိုင်ငံတွင် ပထ၀ီဝင်အနေအထားအရမြစ်ချောင်း၊ တောင်တန်း၊ချိုင့်ဝှမ်း ၊လျှိုမြောင်များ၊မြစ်ဝှမ်း လွင်ပြင် နှင့်ကုန်းမြင့်ဒေသများရောပြွန် တည်ရှိနေသည်။ယခုအခါနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားပြည်သူတို့၏ စွမ်းပကားဖြင့် သဘာဝ အတားအဆီးများကို တည်ဆောက်နိင်သဖြင့် ဒေသတစ်ခုနှင့်တစ်ခုလွယ်ကူစွာ ဆက်သွယ် သွားလာနိုင်ပြီးဒေသဖွံ့မှု အကျိုးပြုလျက်ရှိသည်။
နိုင်ငံတော်၌ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူုကုန်စည် စီးဆင်းမှုများပြားလာကာ မော်တော်ယာဉ်စီးရေလည်း တိုးတက်များပြားလာသည်။ လူဦးရေတိုးတက်လာခြင်းနှင့်လမ်းခရီးတစ်လျှောက် ရှိမြို့ရွာ များဖွံဖြိုးလာခြင်းတို့ကြောင့် လမ်း၊တံတားများကို ဆက်လက်ဖောက်လုပ်တည်ဆောက်လျက်ရှိရာ ရန်ကုန်-မန္တ လေးအမြန် လမ်းမကြီးသည်တစ်ခုအပါအ၀င်ဖြစ်သည်။
ရန်ကုန်-မန္တလေးရှစ်လမ်းသွားအမြန်လမ်းမကြီးသည် ၃၅၂ မိုင် ကျော်ရှည်လျားပြီးလမ်းတစ်လျှောက်၌ တံတားအစင်းပေါင်း ငါးရာကျော်ပါရှိမည်ဖြစ်သည်။အဆိုပါလမ်းမကြီး ဖောက်လုပ်ပြီးစီးပါက ရန်ကုန်-နေပြည်တော်-မန္တလေးတို့အကြား သတ်မှတ် မမြန်နှုန်းဖြင့် မောင်းနှင်ချိန် ရှစ်နာရီခန့်သာကြာမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဧရာဝတီ ဖြစ်ဝကျွန်းပေါ်ဒေသ လမ်းကွန်ရက် ဖွံ့ဖြိုးတိုးတက်မှု စိမံကိန်းကိုလည်း အကောင် အထည်ဖော်လျက်ရှိရာမအူပင်-ရေလဲကလေး -ရွှေတောင်မှော်-ကျိုက်ပိ-မော်လမြိုင်ကျွန်းလမ်း၊ မော်လမြိင်ကျွန်း-လှိုင်းဘုန်း-သစ်ပုတ်-ကွင်းပေါက် -ပြင်စလူလမ်း၊ လပွတ္တာ-သင်္ဃန်းကြီး-ပြင်စလူလမ်း၊လပွတ္တာ-သုံးခွ-အုတ်တွင်း-ထိပ်စွန်းလမ်းနှင့် ဘိုးကလေး-ကြိမ်ချောင်း-ကဒုံကနိလမ်းတို့ပါဝင်သည်။
ယနေ့အချိန်အခါတွင် သက်ဆိုင်ရာဝန်ကြီးဌာန၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့်ကာယဥာဏလုပ်သား များ၏ကြိုးပမ်းမှုစွမ်းအားဖြင့် လမ်း၊တံတားပေါင်းများစွာကို ဖောက်လုပ်တည်ဆောက်ပေးလျက်ရှိရာ လမ်းကွန်ရက်များ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူခရီးသွားလာမှုနှင့်ကုန်စည်စီးဆင်းမှုမြန်ဆန်သွက်လက်လာ ပြီး ပြည်သူများ၏ လူမှုစီးပွားများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။

No comments:
Post a Comment