Tuesday, November 25, 2008

တောတောင်လျှိုမြောင်များ ဖြတ်သန်းပြီး ခက်ခက်ခဲခဲ ဖောက်လုပ်ခဲ့ရသည့် ရွှေညောင်-တောင်ကြီး-ဆိုက်ခေါင်-နမ့်စန်-မိုးနဲ ရထားလမ်း


တပ်မတော်အစိုးရလက်ထက်တွင် ပြည်နယ်၊တိုင်းများ၏ ရေကြော၊မြေကြောများကို တစ်ဆက်တစ်စပ်တည်းဖြစ် လာစေရန်၊ တိုင်းရင်းသားအချင်းချင်း အထိအတွေ့ အဆက်အဆံပိုမိုများပြားလာစေရန်တို့အတွက် လမ်း၊တံတား အခြေခံများကို တိုးချဲ့တည်ဆောက်ခဲ့သည်။ ပြည်ထောင်စုကြီး၏ အရှေ့ဖျားမှ အနောက်ဖျား၊ မြောက်ဖျားမှ တောင်ဖျား၊ ဒေါင်လိုက်ဖြစ်စေ၊ အလျားလိုက်ဖြစ်စေ သွားလာ၍ရအောင် အပင်ပန်းခံ စီမံဆောင်ရွက် ဖြည့်ဆည်းပေးခဲ့သည်။

No comments: