Tuesday, November 25, 2008

ပြည်ထောင်စုမြန်မာနိုင်ငံတော်-နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ဗီယက်နမ်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ပြည်ထောင်စု မြန်မာနိုင်ငံတော် - နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် တာဝန်ထမ်းဆောင်ခြင်း ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ သံတမန်အဖွဲ့ နာယက ဗီယက်နမ် ဆိုရှယ်လစ်နိုင်ငံ သံအမတ်ကြီး H.E.Mr. Tran Van Tung အား ယနေ့ညနေ(၃)နာရီခွဲတွင် နေပြည်တော်ရှိ အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ လက်ခံတွေ့ဆုံရာတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မြင့်၊ အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးသန့်ရှင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်တို့ တက်ရောက်ကြသည်။

No comments: