Friday, November 28, 2008

အောင်မြင်ဖြစ်ထွန်းနေသော ချည်မျှင်ရှည်ဝါစိုက်ခင်း တိုင်မှူးဗိုလ်ချုပ်ဝေလွင် ကြည့်ရှုစစ်ဆေး

နေပြည်တော်တိုင်း စစ်ဌာနချူပ် တိုင်းမှူး ဗိုလ်ချုပ်ဝေလွင်သည် နိုဝင်ဘာ ၂၆ ရက် နံနက် ၈နာရီတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် နေပြည်တော် တပ်ကုန်းမြို့နယ် မြောက်မြိုက်ကျေးရွာအုပ်စု တောင်သူဦးဝင်း၏ ကွင်းအမှတ် ၉၄၉ ဦးပိုင်အမှတ် ၁၂၌ စိုက်ပျိုးထားသော အောင်မြင်ဖြစ်ထွန်းနေသည့် ငွေချည်(၆) ချည်မျှင်ရှည်ဝါ စိုက်ခင်း ဆွတ်ခူးနေမှုကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်ဝါစိုက်ပျိုးရေး မန်နေဂျာနှင့် ဒေသခံတောင်သူများက ယခင်စိုက်ပျိုးသည့် ၀ါမျိုးများနေရာ၌ လက်ရှိစိုက်ပျိုးနေသော ငွေချည်(၆) ၀ါမျိုးများကို ပြောင်းလဲ စိုက်ပျိုးရသည့်အတွက် မိမိတို့ဒေသခံ တောင်သူများ အနေဖြင့် အကျိုးကျေးဇူးများစွာရှိကြောင်း ရှင်းလင်းတင်ပြကြရာ တိုင်းမှူးက လိုအပ်သည်များကို မှာကြားသည်။

No comments: