မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းအပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ စားပွဲဝိုင်းဆွေးနွေးပွဲ High-Level Roundtable on Post-Nargis Relief and Recovery Efforts ကို နိုဝင်ဘာလ ၂၆ ရက်နေ့နံနက် ၁၀နာရီတွင် ရန်ကုန်မြို့ နတ်မောက်လမ်းရှိ ချက်ထရီယမ် ဟိုတယ်၌ ကျင်းပသည်။အဆိုပါ စားပွဲဝိုင်းဆွေးနွေးပွဲသို့ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ ဥက္ကဌ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်သူ၊ အာဆီယံ နိုင်ငံများ၏ကိုယ်စား အလှည့်ကျဥက္ကဌ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီ့း H.E. Mr. Bansarn Bunnag၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် ဌာနေကိုယ်စားလှယ်နှင့် ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှု အထောက်အကူပြုရေးဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Bishow ParaJuli ၊ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ ရန်ကုန်မြို့ရှိ အာဆီယံနှင့် အခြားနိုင်ငံများမှ မြန်မာနိုင်ငံဆိုင်ရာ သံရုံးများမှ သံတမန်များ၊ ၀န်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နာဂစ်မုန်တိုင်းအပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းအဖွဲ့များ၊ အာဆီယံနိုင်ငံများမှ မီဒီယာများ၊ မြန်မာနိုင်ငံ နိုင်ငံခြား သတင်းထောက်များ အဖွဲ့မှ အသင်းဝင် သတင်းထောက်များ၊ ပြည်တွင်းရှိ ဂျာနယ်၊ မဂ္ဂဇင်းများမှ မီဒီယာများ တက်ရောက်ကြသည်။
စားပွဲဝိုင်းဆွေးနွေးပွဲတွင် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် ဌာနေကိုယ်စားလှယ်နှင့် ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှု အထောက်အကူပြုရေးဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Bishow ParaJuli က အမှာစကားပြောကြားပြီး သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ ဥက္ကဌ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်သူက Post-Nargis Current State of Relief and Recovery Effortsအစီရင်ခံစာကို တင်ပြသည်။
No comments:
Post a Comment