နိုင်ငံတော်အစိုးရသည် စိုက်ပျိုးရေရရှိရေးအတွက် စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဆည်တမံစီမံကိန်းများ၊ မြေအောက်ရေရရှိရေးစီမံကိန်းများကို တည်ဆောက်ပေးလျက်ရှိသည်။
အထူးသဖြင့် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ မိုးနည်းရေရှားရပ်ဝန်းဒေသများတွင် ရေရရှိရေး စီမံကိန်းများကို အလေးပေးဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ဆည်တမံလုပ်ငန်း ၂၁၆ခု၊ မြစ်ရေတင်စီမံကိန်း ၃၂၂ခုရှိပြီဖြစ်ရာ စိုက်ပျိုးသီးနှံများကို တစ်သီးစားစိုက်ပျိုးရာမှ နှစ်သီးစား၊ သုံးသီးစာ သီးထပ်စိုက်ပျိုးနိုင်ခဲ့သဖြင့် တောင်သူလယ်သမားများ ၀င်ငွေတိုးပွားစေခဲ့သည်။
မြန်မာနိုင်ငံအလယ်ပိုင်း၌ တည်ဆောက်နေသော စီမံကိန်းများအနက် စစ်ကိုင်းတိုင်း ၀န်းသိုမြို့နယ် လယ်ဦးကျေးရွာအနီး ဒေါင်းမြူချောင်းပေါ်၌ တည်ဆောက်အကောင်အထည်ဖော်သွားမည့် ဒေါင်းမြူရေလှောင် တမံစီမံကိန်းသည် စိုက်ပျိုးမြေဧရိယာ ဧက ၆၃၀၀ခန့်ကို ဆည်ရေးပေးနိုင်မည့် စီမံကိန်းဖြစ်သကဲ့သို့ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးကိုလည်း အထောက်အကူပြုမည် ဖြစ်သည်။
ဆက်လက်တည်ဆောက်သွားမည့် အခြားစီမံကိန်းများမှာ ကန်ဒေါင့်ရေလှောင်တမံစီမံကိန်း၊ မြောက်ယမား ရေလှောင်တမံ၊ ကျောက်ချပ်ရေလှောင်တမံ၊ ရေဘုတ်ကြီးရေလှောင်တမံစီမံကိန်းတို့ ဖြစ်ကြသည်။
ဤကဲ့သို့ စိုက်ပျိုးရေရရှိရေးအတွက် ဆည်တမံများ တည်ဆောက်ပေးသကဲ့သို့ မိုးရာသီတွင် ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရေးအတွက် ရေထိန်းတံခါးများကိုလည်း ဖော်ဆောင်ပေးလျက်ရှိသည်။
မိတ္ထီလာမြို့နယ်နှင့် သာစည်မြို့နယ်များတွင် မြေအောက်ရေရှိရေးအတွက် စက်ရေတွင်းပေါင်း ၈၀၀ တူးဖော်၍ စိုက်ပျိုးရေးပေးဝေခြင်းကိုလည်း ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အစိုးရသည် ဆည်တမံများ၊ မြစ်ရေတင်စီမံကိန်းများ၊ ရေထိန်းတံခါးများ၊ တည်ဆောက်ပေး၍ စိုက်ပျိုး ရေးရရှိရေးကို ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံတိုင်းရင်းသားပြည်သူများသည် ဆည်တမံများ ၊ ရေထိန်းတံခါးများ ရေရှည်တည်တံ့ရေးအတွက် ၀ိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။

No comments:
Post a Comment