နိုင်ငံတော်အစိုးရသည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီး ပေါ်ထွန်းလာရေးတွက် ကိုယ်ပိုင်အမျိုးသားရေး စွမ်းအားစုများ စွမ်းပကားဖြင့် ကိုယ်အားကိုယ်ကိုး ကြိုးပမ်းတည်ဆောက်လျက်ရှိသည်။
ယင်းသို့ကြိုးပမ်းတည်ဆောက်ရာတွင် တိုင်းရင်းသားပြည်သူများ အားလုံးသည် ကျန်းမာကြံ့ခိုင်စွာ ပါဝင်စွမ်းဆောင်ကြရမည် ဖြစ်သည်။ လူတိုင်းကျန်းမာကြံ့ခိုင်ပါမှ ကာယစွမ်းအား ၊ဥာဏစွမ်းအားများကို အပြည့်အ၀ပေးစွမ်းနိုင်မည် ဖြစ်သည်။
ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်ပြီး လူတို့ ကျန်းမာစွာနေထိုင်နိုင်ရန် ခန္ဓာကိုယ်ကို ဖြည်စွမ်းပေးသည့် အစာအဟာရများ လိုအပ်သကဲ့သို့ ကျန်းမာကြံ့ခိုင်ရန်အတွက် ပုံမှန်လေ့ကျင့်ခန်းများ ပြုလုပ်ကြရန် လိုအပ်ပေသည်။
ကိုယ်လက်လှုပ်ရှားခြင်း နည်းခြင်းကြောင့် အ၀လွန်ရောဂါ ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ ၊ ဆီးချိုရောဂါတို့ ဖြစ်ပွားစေနိုင်ပြီး ကိုယ်လက်လှုပ်ရှားခြင်းဖြင့် ကျန်းမာသန်းစွမ်းစေရန် နေ့စဉ် ပုံမှန်လမ်းလျှောက်ခြင်းအလေ့
အထကို ပြုလုပ်သင့်သည်။
လမ်းလျှောက်ခြင်းဖြင့် သွေးတိုးရောဂါကို လျော့ကျစေပြီး နှလုံးရောဂါကို ကာကွယ်နိုင်သည့်အပြင် အ၀မလွန်ရန် ထိန်းသိမ်းနိုင်၍ ကြွက်သားများကို သန်းစွမ်းဖျတ်လတ်စေသည်။ သွေးအတွင်းမှ မလိုလားအပ်သော အဆီများကိုလည်းကျစေသည်။
နေ့စဉ် ပုံမှန်လမ်းလျှောက်ခြင်းသည် စိတ်ကိုတက်ကြွလန်းဆန်းစေပြီး ပျော်ရွှင်မှုသုခကို ရရှိစေနိုင်သည်။
သို့ဖြစ်ပေရာ လူတိုင်းသည် ကျန်းမာသန်းစွမ်းနေပါမှ မိသားစုဘ၀သာယာနိုင်ပြီး နိုင်ငံတောအတွက် ကာယစွမ်းအား ၊ ဥာဏစွမ်းအားများ အပြည့်အ၀ပေးနိုင်ကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အုတ်တစ် ချပ်သဲတစ်ပွင့် ပါဝင်စွမ်းဆောင်နိုင်မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments:
Post a Comment