Wednesday, January 21, 2009

ဆက်သွယ်ရေးစခန်းများ ၀န်ကြီး ဗိုလ်မှူးချုပ်သိန်းဇော် ကြည့်ရှု့စစ်ဆေး


ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်သည် ဇန်န၀ါရီ ၁၇ ရက်တွင် ပဲခူးတိုင်း(အရှေ့) ရေနီမြို့ အော်တိုအိတ်ချိန်းသစ် တည်ဆောက်မည့် မြေနေရာနှင့် မြို့လှမြို့ ဒစ်ဂျစ်တယ်အော်တိုအိတ်ချိန်းသစ်အဆောက်အအုံ တည်ဆောက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ ဆွာမြို့ ဒီဂျစ်တယ်အော်တိုအိတ်ချိန်း တည်ဆောက်ပြီးစီးမှု အခြေအနေနှင့် ရေတာရှည်မြို့ အော်တိုအိတ်ချိန်းတို့ကိုလည်းကောင်း ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ၀န်ကြီးသည် တောင်ငူမြို့ ဒီဂျစ်တယ်အော်တိုအိတ်ချိန်းသို့ ရောက်ရှိပြီး GSM စက်ခန်း ၊ CDMA (450) စက်ခန်းတို့ကို ကြည့်ရှု့စစ်ဆေးပြီး စက်ပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်ရေးနှင့် အဝေးဆက်သွယ်မှုလိုင်းများ ကောင်းမွန်ရေးတို့ကို မှာကြားသည်။
ဝန်ကြီးသည် ဇန်န၀ါရီ ၁၈ရက်တွင် ရန်ကုန်မြို့ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ အမြန်စာပို့လုပ်ငန်း အစည်းအဝေးခန်းမ၌ ကျင်းပသော ဆက်သွယ်ရေးလုပ်ငန်းများ လုံခြုံမြန်ဆန်၊ တိုးတက်ကောင်းမွန်စေရေးညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။

No comments: