အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်တွင် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသော ဘားရက်အိုဘားမားသည် (၄၄) ဦးမြောက်သမ္မတအဖြစ်လည်းကောင်း၊ ပထမဆုံးသော အာဖရိကန်-အမေရိကန်ခေါင်းဆောင်တစ်ဦးအဖြစ် လည်းကောင်း ဇန်န၀ါရီ ၂၀ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုသည်။
မစ္စတာအိုဘားမား ကျမ်းသစ္စာကျိန်ဆိုခြင်းကို ကြည့်ရှုရန်အတွက် သန်းပေါင်းများစွာသော လူစုလူဝေးကြီးသည် ၀ါရှင်တန်ဒီစီရှိ အမျိုးသားရင်ပြင်သို့ နံနက်အရုဏ်တက်ချိန်မှစ၍ စုဝေးရောက်ရှိနေခဲ့ကြသည်။
မစ္စတာအိုဘားမားသည် ကျမ်းသစ္စာမဆိုမီ နောက်ဆုံးအချိန်တွင် ကွန်ဆာဗေးတစ်ရစ်ခ်ဝါရင်က တိုင်တည်နေစဉ်၌ လေးနက်တည်ကြည်စွာရပ်၍ မျက်လုံးကိုမှိတ်ထားသည်။အမေရိကန် အမျိုးသားသီချင်းကို အာရီသာဖရန့်ကလင်က အပြာရောင်ကောင်းကင်အား နောက်ခံထား၍ သီဆိုနေစဉ် ထောင်ပေါင်းများစွာသော လူအုပ်ကြီးက အလံများဝှေ့ယမ်း၍ ကောင်းချီပေးသည်။ ၀ါရင့်အထက်လွှတ်တော်အမတ် ဂျိုးဇက်ဘိုင်ဒင်က ဒုတိယသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည်။
ထို့နောက် ဘားရက်အိုဘားမားသည် သူ၏လက်ကို ၁၈၆၁ ခုနှစ်အဘာရာဟင်လင်ကွန်း ကျမ်းသစ္စာဆိုပွဲတွင် အသုံးပြုခဲ့သော သမ္မာကျမ်းစာအုပ်ပေါ်တွင်တင်၍ အမေရိကန်ပြည်ထောင်စု၏ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဟု ကတိစကားရွတ်ဆိုသည်။
ထို့နောက် အိုဘားမားသည် မိနစ် ၂၀ကြာ အဖွင့်မိန့်ခိန်းတွင် တာဝန်သိမှု၊ တာဝန်ယူမှု၊ အမေရိကန်နိုင်ငံပြုပြင်ပြောင်းလဲရေးနှင့် ၄င်း၏အခန်းကဏ္ဍနှင့် ကမ္ဘာ့နိုင်ငံများဆက်ဆံရေး စသည်တို့ကို ထည့်သွင်းပြောကြားသည်။

No comments:
Post a Comment