ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ၂၀၀၉ခုနှစ် အမျိုးသားကာကွယ်ဆေးတိုက်နေ့များ အခမ်းအနားကို ဇန်န၀ါရီ ၁၀ရက်နံနက် ၈နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
တိုက်ကျွေး
ရှေးဦးစွာ ရှမ်းပြည်နယ်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ရာပြည့်က အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဇဌာနမှူး ဒေါက်တာတင်ဝင်းကျော်က အမျိုးသားကာကွယ်ဆေးတိုက်နေ့များနှင့် ပက်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းမှူးနှင့်ဇနီး၊ တာဝန်ရှိသူများက ကလေးများအား ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးကြသည်။
ကြည့်ရှုအားပေး
ဆက်လက်၍ တိုင်းမှူးနှင့်ဇနီး တာဝန်ရှိသူများအား တောင်ကြီးမြို့ အတွင်းရှိ ရပ်ကွက်များဖြစ်သော ကျောင်းကြီးစုရပ်ကွက်၊ မြို့မရပ်ကွက် ရေအေးကွင်း ရပ်ကွက်ညောင်ဖြူစခန်းရပ်ကွက်၊ အေးသာယာအကွက်ကြီး(၃)ထုံးဖိုနှင့် ရွှေညီလာခန်းမ(ရွှေညောင်) တို့တွင် ကာကွယ်ဆေး တိုက်ကျွေးနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။

No comments:
Post a Comment