Tuesday, January 27, 2009

ခရိုင်ချင်းဆက် လမ်းများအဆင့်မြှင့်တင် ကူးသန်းရောင်းဝယ်သွားလာမှုများ တိုးတက်စည်ပင်

နိုင်ငံတော်၌ လူမူစီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ကုန်စည်စီးဆင်းမှု များပြားလာက မော်တော်ယာဉ်စီးရေလည်း တိုးတက်လာသည်။လူဦးရေတိုးတက်လာခြင်းနှင့် လမ်းမကြီးများတစ်လျှောက်ရှိမြို့ရွာများဖွံ့ဖြိုးလာခြင်းတို့ ကြောင့် နိုင်ငံတော်အစိုးရက လမ်း၊တံတားများကို အရှိန်အဟုန်ဖြင့် လက်ယှက်ထိုး ဖောက်လုပ်တည်ဆောက်ပေး လျက်ရှိသည်။
ယင်းသို့ လမ်း၊တံတားများကိုအရှိန်အဟုန်ဖြင့် ဖောက်လုပ်တည်ဆောက်လျက်ရှိရာတွင် ၃၅၂ မိုင်ကျော်ရှည်သည့် ရန်ကုန် - မန္တလေးရှစ်လမ်းသွား အမြန်လမ်းမကြီးသည့် တစ်ခုအပါအ၀င်ဖြစ်သည်။ လမ်းတစ်လျှောက်၌တံတား အစင်းပေါင်းငါးရာကျော် ပါရှိမည်ဖြစ်ပြီး အဆိုပါလမ်းမကြီးဖောက်လုပ်ပြီးစီးပါက ရန်ကုန်-နေပြည်တော်-မန္တလေး တို့ အကြားသတ်မှတ်အမြန်နှုန်းဖြင့် မောင်းနှင်ချိန် ရှစ်နာရီခန့်သာကြာမြင့်မည်ဖြစ်သည်။
ထို့အပြင် ဧရာဝတီမြစ်ဝကျွန်ပေါ်ဒေသအတွက်လည်း လမ်းကွန်ယက်ဖွံ့ဖြိုးတိုးတက်ရေးအတွက်မအူပင်-ရေလဲကလေး-ရွှေတောင်မှော်-ကျိုက်ဘိ-မော်လမြိုင်ကျွန်းလမ်း ၊မော်လမြိုင်ကျွန်း-လှိုင်းဘုန်း- သစ်ပုတ်-ကွင်း
ပေါက် -ပြင်စလူလမ်း၊လပွတ္တာ-သုံးခွ-အုတ်တွင်း -ထိပ်စွန်းလမ်းတို့ကို ဖောက်လုပ်လျက်ရှိသည်။
ယခုအခါ စည်ပင်သာယာရေးအဖွဲ့များကလည်း ခရိုင်ချင်းဆက် လမ်းများကို ဖောက်လုပ်လျက်ရှိရာ ၂၀၀၇-၂၀၀၈ဘဏ္ဍာရေးနှစ် အထိမိုင် ၄၀၀ ကျော်စီရှည်သည့် ခရိုင်ချင်းဆက်လမ်း အမှတ်(၁) နှင့်ခရိုင်ချင်း ဆက်လမ်း အမှတ်(၂) တို့တွင် လမ်းပိုက်အလိုက်မြေသားလမ်း၊ကျောက်ချောလမ်း ၊ကတ္တရာလမ်းများကို အဆင့်
မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့များအနေဖြင့်လည်းမြို့ပြလမ်းနှင့်ကျေးလက်လမ်းသစ်များကို အဆင့်မြှင့်တင် ဖောက်လုပ်ဆောင်ရွက်လျက်ရှိရာ ၁၉၈၈ ခုနှစ်က လမ်းမိုင်ငါးထောင်ကျော်ရှိရာမှ ယခုအခါ လမ်းမိုင်ပေါင်းသုံး ထောင်ကျော်အထိ တိုးတက်လာပြီဖြစ်သည်။
ယနေ့အချိန်အခါတွင် သက်ဆိုင်ရာ ၀န်ကြီးဌာန၊ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ကာယညဏလုပ်သားများ၏ ကြိုးပမ်းစွမ်းဆောင်မှုဖြင့် လမ်း၊တံတားပေါင်းများစွာကို ဖောက်လုပ်တည်ဆောက်လျက်ရှိရာ လမ်းကွန်ရက်များ
ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။ ဒေသအလိုက် ခရီးသွားလာမှုနှင့်ကုန်စည်စီးဆင်းမှုများမြန်ဆန်သွက်လက်လာမှု ပြည်သူများ၏ လူမှုစီးပွားဘ၀ ပိုမို ဖွံ့ဖြိုးတိုးတက်စည်ပင်လာမည်ဖြစ်ပါသည်။ ။

No comments: