
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်သည် ဇန်န၀ါရီ ၂၀ရက်က ရန်ကုန်တိုင်း မှော်ဘီမြို့ အော်တိုအိတ်ချိန်းနှင့် မြောင်းတကာအိတ်ချိန်းရုံး၊ တိုက်ကြီးမြို့ မိုက္ကရိုဝေ့ဗ်စခန်းနှင့် အော်တိုအိတ်ချိန်း၊ ဥက္ကံမြို့ အော်တိုအိတ်ချိန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြား ဖြည့်ဆည်းပေးသည်။
စနစ်တကျ
ယင်းနောက် ၀န်ကြီးသည် ပဲခူးတိုင်း သာယာဝတီမြို့ မိုက္ကရိုဝေ့ဗ်စခန်း၊ အုတ်ဖိုမြို့ အော်တိုအိတ်ချိန်းအသစ် အဆောက်အအုံနှင့် GSMတာဝါတိုင် တည်ဆောက်မှုအခြေအနေများ၊ ကြို့ပင်ကောက်မြို့ အော်တိုအိတ်ချိန်းနှင့် ဇီးကုန်းမြို့ အော်တိုအိတ်ချိန်း၊ ပေါင်းတည်မြို့ အော်တိုအိတ်ချိန်းနှင့် အင်းမမြို့ အော်တိုအိတ်ချိန်း အသစ် တပ်ဆင်မည့် အခြေအနေများ၊ ရွှေတောင်မြို့ ဒီဂျစ်တယ်အော်တိုအိတ်ချိန်းနှင့် ပြည်မြို့အော်တိုအိတ်ချိန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး စက်ပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်စေရေးနှင့် ဆက်သွယ်မှုလိုင်းများ အစဉ်အမြဲကောင်းမွန်စေရေးအတွက် စနစ်တကျ ဆောင်ရွက်ကြရန် မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ၀န်ကြီးသည် မကွေးတိုင်း အောင်လံမြို့ စာတိုက်နှင့် အိတ်ချိန်းစခန်းကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment