ရန်ကုန်မြို့ သန့်ရှင်းသာယာလှပရေးနှင့် အဆင့်မြှင့်တင်ရေး ဦးစီးကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ (၄)၌ ကျင်းပရာ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်က ယာဉ်များစည်းကမ်းတကျ ချောမွေ့စွာ သွားလာနိုင်ရေးနှင့် ကျန်းမာရေးဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဌ၊ မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းနှင့် ဒုတိယမြို့တော်ဝန် ဗိုလ်မှူးကြီးမောင်ပါတို့က လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းများဆောင်ရွက်မှုနှင့် ပံ့ပိုးကူညီ ဆောင်ရွက်ပေးနေသည်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် လုပ်ငန်းကော်မတီများမှ ဥက္ကဌများနှင့် တာဝန်ရှိသူများက လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေက လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
ရှင်းလင်းတင်ပြ

No comments:
Post a Comment