Tuesday, January 6, 2009

ရခိုင်ပြည်နယ် ဥက္ကဌဖလား (၂၅) နှစ်အောက် မြို့နယ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်

၂၀၀၈ခုနှစ် ရခိုင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌဖလား ရခိုင်ပြည်နယ် တောင်ပိုင်း အသက် ၂၅နှစ်အောက် မြို့နယ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာ ၈ရက် နံနက် ၇ နာရီက ကျောက်ဖြူမြို့ မြို့မအားကစားကွင်း၌ ကျင်းပရာ ဘောလုံးပြိုင်ပွဲကို ဗိုလ်လုပွဲတွင် ကျောက်ဖြူ
မြို့နယ်အသင်းက သံတွဲမြို့နယ်အသင်းကို လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားဆက်လက်ကျင်းပရာ အကောင်းဆုံးဂိုးကစားသမားဆုကို ကျောက်ဖြူမြို့နယ်အသင်းမှ ဂိုးသမားမောင်အောင်ပြည့်ဖြိုးကလည်းကောင်း၊ နောက်တန်းအကောင်းဆုံးဆုကို သံတွဲမြို့နယ်အသင်းမှ နိုင်ဝင်းဇော်က လည်းကောင်း၊အလယ်တန်း အကောင်းဆုံးဆုကို ကျောက်ဖြူမြို့နယ်အသင်းမှ ကိုကိုဖြိုးကလည်းကောင်း၊ ရှေ့တန်းအကောင်းဆုံးဆုကို သံတွဲမြို့နယ်အသင်းမှ စည်သူသန်းစိုးကလည်းကောင်း၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အားကစားသမားဆုကို ကျောက်ဖြူမြို့နယ်အသင်းမှ ရဲကိုကိုလွင်က လည်းကောင်းရရှိကြရာ ဆုများကို တာဝန်ရှိသူများက ဆုချီးမြှင့်ကြသည်။
ထို့နောက် ဒုတိယဆုရ သံတွဲမြို့နယ်အသင်းအား ကျောက်ဖြူခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအတွင်းရေးမှူး ဦးတင်သိန်းက ဆုချီးမြှင့်ပြီး ဗိုလ်စွဲသည့် ကျောက်ဖြူမြို့နယ် ဘောလုံးအသင်းအား ကျောက်ဖြူခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအဖွဲ့ဝင် (၁)ခရိုင်ရဲတပ်ဖွဲ့မှူး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဌ ရဲမှူးသန်းစိုးက ဆုဖလားနှင့် ငွေသားဆုတို့ကို ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

No comments: