
ချင်းပြည်နယ် ကန်ပက်လက်မြို့၌ ရောက်ရှိနေသော ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သိန်းထွန်းသည် ဇန်န၀ါရီ ၃ရက်က ပခုက္ကူခရိုင် မြိုင်မြို့သို့ ရောက်ရှိပြီး မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး၌ ဌာနဆိုင်ရာ ၀န်ထမ်းများ၊ ဒေသခံပြည်သူများ၊ လူမှုရေးအသင်း အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ မြို့နယ်ပြည်သူ့ဆေးရုံအတွက် ဆေးပဒေသာပင် အလှူငွေနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်ရုံအတွက် ထောက်ပံ့ငွေများကို ပေးအပ်လှူဒါန်းသည်။
တက်ရောက်အားပေး
ဆက်လက်၍ ဒုတိယ၀န်ကြီးသည် မြိုင်မြို့နယ် ကန်နီကျေးရွာ မူလတန်းကျောင်းအား အခြေခံပညာအလယ်တန်းကျောင်းခွဲအဖြစ် တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်အားပေးသည်။
တိုးမြှင့်ဖွင့်လှစ်ပေး
ဒုတိယ၀န်ကြီးသည် ဇန်န၀ါရီ ၄ရက်တွင် ပခုက္ကူခရိုင် ကမ္မတိုက်နယ်သို့ ရောက်ရှိပြီး ဒေသဆက်သွယ်မှု ဖွံ့ဖြိုးတိုးတက် ကောင်းမွန်စေရန် အတွက် လက်လှည့် Magneto အိတ်ချိန်းအား ဒီဂျစ်တယ်အော်တိုအိတ်ချိန်းအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးပြီး အိတ်ချိန်းကို ကြည့်ရှုစစ်ဆေးသည်။
တက်ရောက်
ယင်းနောက် ဒုတိယ၀န်ကြီးသည် ပေါက်မြို့သို့ ရောက်ရှိပြီး ဒီဂျစ်တယ်အော်တိုအိတ်ချိန်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အိတ်ချိန်းသစ်ကို ဖွင့်လှစ်ပေးကာ မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးခန်းမ၌ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment