ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ (၆၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်-နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ လည်းကောင်း၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးထံသို့ လည်းကောင်း၊နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးဥာဏ်ဝင်းထံသို့လည်းကောင်း ကမ္ဘာ့နိုင်ငံအကြီးအကဲများထံမှ ၀မ်းမြောက်သ၀ဏ်လွှာများ ပေးပို့လျက်ရှိသည်။
အဆွေတော်နှင့်အတူ မြန်မာပြည်သူပြည်သားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ပျော်ရွှင်ကြပါစေကြောင်း၊ အေးချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတက်ကြပါစေကြောင်း ဆုမွန်ကောင်းများ တောင်းအပ်ပါသည်ဟု ဖော်ပြပါရှိသည်။
အဆွေတော်နှင့်တကွ မြန်မာပြည်သူပြည်သားများအားလုံး ကျန်းမာပျော်ရွှင်ကြပါစေရန် လည်းကောင်း၊ ဖွံ့ဖြိုးတိုးတက်ကြပါစေရန် လည်းကောင်း ဆုမွန်ကောင်းများတောင်းအပ်ပါကြောင်း။
ကျွန်ုပ်တို့နှစ်နိုင်ငံအကြား တည်ရှိလျက်ရှိသော ချစ်ကြည်ရင်းနှီးမှုသည် ဆက်လက်အဓွန့်ရှည်ကြာမည်ဟု ယုံကြည်ပါကြောင်း ဖော်ပြပါရှိသည်။
ကျွန်ုပ်တို့နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးသောဆက်ဆံမှုဖြင့် အနာဂတ်ကာလများတွင် နှစ်ပြည်ထောင်ပြည်သူများ၏ အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ထို့အပြင် အဆွေတော်အား ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်းနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်သူပြည်သားအားလုံး တိုးတက်ဖွံ့ဖြိုးပါစေကြောင်း ဆုမွန်ကောင်းများ တောင်းအပ်ပါသည်ဟု ဖော်ပြပါရှိသည်။
ယမန်နှစ်က ကျွန်ုပ်တို့၏နိုင်ငံသို့ အဆွေတော် လာရောက်လည်ပတ်ခြင်းကို ကြိုဆိုလက်ခံခွင့်ရရှိခဲ့သည့်အတွက် ၀မ်းသာအားရ ခံစားခဲ့ရပါကြောင်း၊ ဒေသဆိုင်ရာ ဆွေသဟာများအဖြစ် ကျွန်ုပ်တို့ နှစ်နိုင်ငံချစ်ခင်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် ဆက်လက်ခိုင်မာ အဓွန့်ရှည်ကြာမည်ဟု မျှော်လင့်ပါကြောင်း ဖော်ပြပါရှိသည်။
ကမ္ဘောဒီးယားနိုင်ငံ
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ ကမ္ဘောဒီးယားနိုင်ငံဘုရင် ပရယ်ဘတ် ဆမ်ဒက်ပရယ် ဘိုရိုနစ် နိုရိုဒွန် ဆီဟာမိုနီထံမှ ပေးပို့သော သ၀ဏ်လွှာတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ (၆၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ကျွန်ုပ်အနေဖြင့် လည်းကောင်း၊ ကမ္ဘောဒီးယားပြည်သူများကိုယ်စားအားဖြင့်လည်းကောင်း ၀မ်းမြောက်စွာနှုတ်ခွန်းဆက်သအပ်ပါကြောင်း။အဆွေတော်နှင့်အတူ မြန်မာပြည်သူပြည်သားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ပျော်ရွှင်ကြပါစေကြောင်း၊ အေးချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတက်ကြပါစေကြောင်း ဆုမွန်ကောင်းများ တောင်းအပ်ပါသည်ဟု ဖော်ပြပါရှိသည်။
နီပါဒီမိုကရက်တစ်ပြည်ထောင်စုသမ္မတနိုင်ငံ
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ နီပေါဒီမိုကရက်တစ်ပြည်ထောင်စုသမ္မတနိုင်ငံ သမ္မတဒေါက်တာရမ်ဘာရမ်ရာဒေ့ဗ်ထံမှပေးပို့သောသ၀ဏ်လွှာတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ (၆၁) နှစ်မြောက်လွတ်လပ်ရေးနေ့ အခါသမယတွင် နီပေါအစိုးရအဖွဲ့နှင့် နီပေါပြည်သူများကိုယ်စား အားဖြင့်လည်းကောင်း၊ ကျွန်ုပ်အနေဖြင့် လည်းကောင်း ၀မ်းမြောက်စွာနှုတ်ခွန်းအပ်သပါကြောင်း။အဆွေတော်နှင့်တကွ မြန်မာပြည်သူပြည်သားများအားလုံး ကျန်းမာပျော်ရွှင်ကြပါစေရန် လည်းကောင်း၊ ဖွံ့ဖြိုးတိုးတက်ကြပါစေရန် လည်းကောင်း ဆုမွန်ကောင်းများတောင်းအပ်ပါကြောင်း။
ကျွန်ုပ်တို့နှစ်နိုင်ငံအကြား တည်ရှိလျက်ရှိသော ချစ်ကြည်ရင်းနှီးမှုသည် ဆက်လက်အဓွန့်ရှည်ကြာမည်ဟု ယုံကြည်ပါကြောင်း ဖော်ပြပါရှိသည်။
သီရိလင်္ကာဒီမိုကရက်တစ်သမ္မတနိုင်ငံ
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ သီရိလင်္ကာ ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ မဟင်ဒါရာဂျာပက်ခ်ဆာထံမှ ပေးပို့သောသ၀ဏ်လွှာတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ (၆၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် အဆွေတော်အားလည်းကောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူများအားလည်းကောင်း ကျွန်ုပ်နှင့် သီရိလင်္ကာပြည်သူများက ၀မ်းမြောက်ဝမ်းသာ နှုတ်ခွန်းဆက်အပ်ပါကြောင်း။ကျွန်ုပ်တို့နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးသောဆက်ဆံမှုဖြင့် အနာဂတ်ကာလများတွင် နှစ်ပြည်ထောင်ပြည်သူများ၏ အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ထို့အပြင် အဆွေတော်အား ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်းနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်သူပြည်သားအားလုံး တိုးတက်ဖွံ့ဖြိုးပါစေကြောင်း ဆုမွန်ကောင်းများ တောင်းအပ်ပါသည်ဟု ဖော်ပြပါရှိသည်။
ဘရူနိုင်းဒါရူဆလမ်နိုင်ငံ
ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ (၆၁)နှစ်မြောက်လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်ဝန်ကြီးချုပ်ထံသို့ ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ ဘုရင်ဆူလ်တန်ဟာဂျီ ဟာဆာနာလ် ဘိုလ်ကီးယား မူအစ်ဇာဒင် ၀ါဒူလာထံမှ ပေးပို့သော သ၀ဏ်လွှာတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ (၆၁) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမတွင် အဆွေတော်အားလည်းကောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအဖွဲ့အားလည်းကောင်း၊ပြည်သူပြည်သားများအားလည်းကောင်း ၀မ်းမြောက်စွာ နှုတ်ခွန်းဆက်သအပ်ပါကြောင်း။ယမန်နှစ်က ကျွန်ုပ်တို့၏နိုင်ငံသို့ အဆွေတော် လာရောက်လည်ပတ်ခြင်းကို ကြိုဆိုလက်ခံခွင့်ရရှိခဲ့သည့်အတွက် ၀မ်းသာအားရ ခံစားခဲ့ရပါကြောင်း၊ ဒေသဆိုင်ရာ ဆွေသဟာများအဖြစ် ကျွန်ုပ်တို့ နှစ်နိုင်ငံချစ်ခင်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် ဆက်လက်ခိုင်မာ အဓွန့်ရှည်ကြာမည်ဟု မျှော်လင့်ပါကြောင်း ဖော်ပြပါရှိသည်။
No comments:
Post a Comment