
ရခိုင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းအေးသည် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးစိုးသိန်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာ၂၉ရက်က ကျောက်တော်မြို့နယ် ပြိုင်းချောင်းဆည် နွေစပါးစို်က်ပျိုးရေး ရှင်းလင်းဆောင်သို့ ရောက်ရှိလာပြီး နွေစပါး ဧက၄၀၀၀နှင့် နွေနှမ်းဧက ၁၀၀၀စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ပြည်နယ်စိုက်ပျိုးရေး မန်နေဂျာ ဦးကျော်မြင့်က နွေစပါးဧက ၄၀၀၀နှင့် နွေနှမ်းဧက ၁၀၀၀တို့ကို ပြိုင်းချောင်းဆည်ရေဖြင့် စိုက်ပျိုးနိုင်ရေး လယ်ယာမြေများ ထွန်ယက်ထားမှု အခြေအနေများအား လည်းကောင်း၊ ဆည်မြောင်းဦးစီးဌာန တည်ဆောက်ရေး(၃) ပြိုင်းချောင်းရေလှောင်တမံ စီမံကိန်းအင်ဂျင်နီယာ ဦးအောင်ကြည်စိုးက ပြိုင်းချောင်းဆည် လက်ဝဲမြောင်းမကြီး ဖောက်လုပ်နေမှု၊ နွေစပါး ရေဖြန့်ဝေပေးနိုင်မှု အခြေအနေများကို မြေပုံကားချပ်များဖြင့် အသီးသီးရှင်းလင်းတင်ပြသည်။
တက်ညီလက်ညီဆောင်ရွက်
ဆက်လက်၍ တိုင်းမှူးသည် ဒေသခံတောင်သူလယ်သမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ နွေစပါးနှင့် နွေနှမ်းများ ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန်နှင့် တာဝန်ရှိသူများကလည်း ဆည်ရေလိုအပ်ချက်များကို အချိန်မီပေးဝေနိုင်ရေး ၀ိုင်းဝန်းပူးပေါင်း၍ တက်ညီလက်ညီ ဆောင်ရွက်သွားကြရန် မှာကြားပြီး ပြိုင်းချောင်းဆည် လက်ဝဲမြောင်းမကြီးအတွင်း ဆည်ရေ၀င်ရောက်မှုနှင့် စက်ယန္တရားများနှင့် ဆက်လက်ဖောက်လုပ်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
No comments:
Post a Comment