


နေပြည်တော် ပျဉ်းမနား၏ အရှေ့ဘက် ၂၆မိုင်ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန အမှတ်(၁) တည်ဆောက်ရေးမှ အထက် ပေါင်းလောင်း ရေအား လျှပ်စစ်စီမံကိန်း၏ မြစ်ရေလွှဲခြင်း အခမ်းအနားကို လွန်ခဲ့သော ဒီဇင်ဘာ ၅ရက် နံနက်၉နာရီက အဆိုပါ စီမံကိန်းတည်ရာ၌ ကျင်းပခဲ့သည်။
တစ်ခဲနက်အားပေး
အစီအစဉ်အရ ရှေးဦးစွာ ဧည့်သည်တော်များသည် စီမံကိန်း၏ လက်ယာဘက်ကမ်းရှိ ယာယီ မဏ္ဍပ်တွင် နေရာယူပြီးနောက် မင်္ဂလာအချိန် နံနက်၉နာရီတွင် စီမံကိန်းရှိ အင်ဂျင်နီယာများနှင့် ၀န်ထမ်းများက ပေါင်းလောင်းမြစ် လက်ဝဲဘက်ကမ်းနှင့် လက်ယာဘက်ကမ်းတို့မှ စက်ယန္တရားကြီးများ အသုံးပြု၍ ယာယီရေလွှဲတမံကို မြေကြီးများ၊ ကျောက်သားများဖြင့် အားသွန်ခွန်စိုက် ထိုးပိတ်ကြရာ ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်း၊ ဒုတိယ၀န်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများ၊ ဧည့်သည်တော်များက လက်ခုပ်လက်ဝါးတီး၍လည်းကောင်း၊ ယဉ်ကျေးမှုအကအဖွဲ့များက အိုးစည်ဒိုးပတ်များ တပျော်တပါး တီးမှုတ်ကခုန်၍ လည်းကောင်း တစ်ခဲနက် အားပေးခဲ့ကြသည်။
အားပေးစကား
ထို့နောက် ၀န်ကြီးနှင့် အဖွဲ့သည် ပိတ်ပြီးသွားသော ရေလွှဲတမံ လက်ယာဘက်ကမ်းမှ လက်ဝဲဘက်ကမ်းပေါ်သို့ တမံပေါ်မှ ဖြတ်သန်းစစ်ဆေးကြည့်ရှုပြီးနောက် ၀န်ကြီးက လုပ်ငန်းဆောင်ရွက် နေကြသော စီမံကိန်းဝန်ထမ်းများ၊ အခမ်းအနားသို့ တက်ရောက်လာကြသော ဒေသခံပြည်သူများ၊ ယဉ်ကျေးမှုအကအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားပြောကြားခဲ့သည်။
အထိမ်းအမှတ်
၎င်းနောက် ၀န်ကြီး၊ ဒုတိယ၀န်ကြီးနှင့် အဖွဲ့တို့သည် ပေါင်းလောင်းမြစ်အတွင်း အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီးနောက် စီမံကိန်း၏ လက်ယာဘက်ကမ်းရှိ မဏ္ဍပ်၌ စီမံကိန်းတွင် တာဝန်ထမ်းဆောင် နေကြသော ၀န်ထမ်းများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီး မြစ်ရေလွှဲခြင်းလုပ်ငန်း အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရောင်စုံ မိုးပျံပူဖောင်းများ လွှတ်တင်ကာ ရေလွှဲဥမင်(အ၀င်)ပိုင်းရှိ ပေါင်းလောင်းမြစ်အတွင်းသို့ ရွှေဘောလုံး၊ ငွေဘောလုံးနှင့် ရောင်စုံဘောလုံးများ ရေထဲမျှောချခဲ့ကြသည်။
၎င်းနောက် ၀န်ကြီး၊ ဒုတိယ၀န်ကြီးနှင့် တာဝန်ရှိုသူများသည်(EL-378) ရှုရပ်မှနေ၍ ယာယီရေလွှဲတမံ ထိုးပိတ်ပြီးစီးမှု၊ ပင်မတမံတည်ဆောက်မည့် နေရာ၊ ရေယူအဆောက်အအုံတည်ဆောက်မည့်နေရာ၊ ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့်နေရာနှင့် ဆွဒ်ယာဒ်တည်ဆောက်မည့် နေရာတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားဖြည့်ဆည်းပေးခဲ့သည်။
၎င်းနောက် ၀န်ကြီး၊ ဒုတိယ၀န်ကြီးနှင့် တာဝန်ရှိုသူများသည်(EL-378) ရှုရပ်မှနေ၍ ယာယီရေလွှဲတမံ ထိုးပိတ်ပြီးစီးမှု၊ ပင်မတမံတည်ဆောက်မည့် နေရာ၊ ရေယူအဆောက်အအုံတည်ဆောက်မည့်နေရာ၊ ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့်နေရာနှင့် ဆွဒ်ယာဒ်တည်ဆောက်မည့် နေရာတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားဖြည့်ဆည်းပေးခဲ့သည်။
စီမံကိန်းလုပ်ငန်း
အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း၌ ထိုသို့ မြစ်ရေလွှဲရခြင်းမှာ စီမံကိန်းလုပ်ငန်းများဖြစ်သော ပင်မတမံအောက်ခြေ မြေကြီးကျောက်သား တူးဖော်ခြင်းလုပ်ငန်း၊ ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် မြေကြီးကျောက်သား တူးဖော်ခြင်းလုပ်ငန်း၊ ရေယူအဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်း၊ ဆွဒ်ယာဒ် တည်ဆောက်ခြင်းလုပ်ငန်း၊ ရေတားနံရံ တည်ဆောက်ရန် မြေကြီးကျောက်သား တူးဖော်ခြင်းလုပ်ငန်းတို့ကို ပေါင်းလောင်းမြစ်အတွင်း လုပ်ငန်းဆောင်ရွက်ရမည်ဖြစ်၍ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်မည့်နေရာတွင် ရေ၀င်ရောက်မှု မရှိစေရန်အတွက် လုပ်ငန်းခွင် ဧရိယာ၏ အထက်ပိုင်း ပေါင်းလောင်းကြီး၊ ပေါင်းလောင်းငယ် မြစ်ငယ်နှစ်သွယ်တို့ ပေါင်းဆုံရာ နေရာမှ ပေါင်းလောင်းမြစ်ကို ယာယီပိတ်၍ မြစ်ရေလွှဲထားသော နေရာသို့ ဖြတ်သန်း စီးဆင်းမည့် ရေများကို အချင်း ၃၃ပေ၊ အလျားပေ ၉၆၀ရှိ ရေလွှဲဥမင်ဖောက်လုပ်ကာ ပေါင်းလောင်းမြစ်ရေလမ်းကြောင်းကို ယာယီလွှဲပြောင်းစီးဆင်းစေခြင်းဖြစ်သည်။
ထိုသို့ မြစ်ရေလွှဲပြီးနောက် မြစ်ရေလွှဲထားသော မူလနေရာ(ပေါင်းလောင်းမြစ်အတွင်း)တွင် ကျန်ရှိနေသော ရေများကို ကုန်စင်အောင် စုပ်ထုတ်ပြီးမှ လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ပေသည်။
ထိုသို့ မြစ်ရေလွှဲပြီးနောက် မြစ်ရေလွှဲထားသော မူလနေရာ(ပေါင်းလောင်းမြစ်အတွင်း)တွင် ကျန်ရှိနေသော ရေများကို ကုန်စင်အောင် စုပ်ထုတ်ပြီးမှ လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ပေသည်။
သိုလှောင်မည်
တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးပါက ယာယီမြစ်ရေ လွှဲထားသော ရေလွှဲဥမင်ကို ရေလွှဲဥမင်အပေါ်တွင် တပ်ဆင်ထားသော ရေတံခါးနှစ်ချပ်ဖြင့် ပိတ်၍ ယာယီရေတားတမံကို ပြန်လည်တူးဖော်ကာ မူလ ပေါင်းလောင်း မြစ်ကြောင်းအတိုင်း အထက်ပေါင်းလောင်းစီမံကိန်းရှိ ရေလှောင်တမံအတွင်း မြစ်ရေစီးဝင်သိုလှောင်မည်ဖြစ်ပါကြောင်း ကွင်းဆင်းလေ့လာ တင်ပြလိုက်ရပါကြောင်း။ ။
No comments:
Post a Comment