နော်ဝေးနိုင်ငံ ပတ်ဝန်းကျင်နှင့် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ၀န်ကြီး H.E.Mr.Erik Gudbrand Solheim ၊ ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန ၀န်ကြီး H.E.Ms.Ulla Pedersen Tornaes နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့ညနေ ၃နာရီတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်းရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ် အစည်းအဝေးခန်းမသို့ လာရောက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမေက္ခဒေါက်တာလှရွှေနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊ ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းကိုယ်စားလှယ်အဖွဲ့ရုံးတို့မှ တာဝန်ရှိသူများအား တွေ့ဆုံကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းနှင့် INGO အဖွဲ့အစည်းများ ပူးပေါင်း၍ မြန်မာနိုင်ငံရှိ မုန်တိုင်းသင့်ဒေသအချို့၌ ကျန်းမာရေး၊ လူမှုရေး အပါအ၀င်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်နေမှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

No comments:
Post a Comment