
လျှပ်စစ်လုပ်ငန်းများ အမြန်ဆုံးပြန်လည်ထူထောင်နိုင်ရန် ကူညီဆောင်ရွက်ခဲ့ကြသည့်ကုမ္ပဏီများနှင့် လုပ်ငန်းအဖွဲ့များအား အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်
မုန်တိုင်းကြောင့် ပျက်စီးသွားသည့် လျှပ်စစ်လုပ်ငန်းများ အချိန်တိုအတွင်း အမြန်ဆုံးပြန်လည်ထူထောင်နိုင်ရန် ကူညီဆောင်ရွက်ခဲ့ကြသည့် ကုမ္ပဏီများနှင့်လုပ်ငန်းအဖွဲ့များအား အမျိုးသားသဘာဝကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီကချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ဇန်န၀ါရီ ၁၉ ရက် ညပိုင်းတွင် ရန်ကုန်မြို့ အလုံမြို့နယ်ရှိ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ရုံးချုပ်၌ ကျင်းပသည်။
အခမ်းအနားသို့ အမျိုးသားသဘာဝကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်ဆွေ၊ အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၀န်ကြီးဗိုလ်ချုပ်ခင်မောင်မြင့်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်မြင့်သိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်၊ လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြပြီး ၀န်ကြီးဗိုလ်ချုပ်မောင်မောင်ဆွေနှင့် ၀န်ကြီးဗိုလ်ချုပ်ခင်မောင်မြင့်တို့က အမှာစကားပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီ အတွင်းရေးမှူး ၀န်ကြီး ဗိုလ်ချုပ်မောင်မောင်ဆွေ၊ ၀န်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့်၊ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် မြင့်သိန်းနှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းဦးတို့က အလှူရှင်ကုမ္ပဏီများနှင့် လုပ်ငန်းအဖွဲ့များမှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် အလှူရှင်များကိုယ်စား Diamond Dragon Co.,Ltd. မှ ကံ့ကော်တောမျိုးအောင်က ကျေးဇူးတင်စကားပြောကြားကြောင်း သတင်းရရှိသည်။
No comments:
Post a Comment