Thursday, January 22, 2009

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ သင်တန်းသား၊ သင်တန်းသူများ မန္တလေးတိုင်း ပြင်ဦးလွင်၌လေ့လာ

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (ဘီအီးဒီ) လေးနှစ်သင်တန်း အမှတ်စဉ်(၄၀)မှ သင်တန်းသား၊သင်တန်းသူများသည် လေ့လာရေးကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ဒုတိယပါမေက္ခချုပ်(သင်ကြားရေး) ဦးဌေးလွင်နှင့် ကြီးကြပ်သူ ဆရာ၊ ဆရာမများလိုက်ပါလျက် ဇန်န၀ါရီ ၁၉ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)သို့ ရောက်ရှိကြရာ ပတ္တမြားခန်းမ၌ ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့-အဖွဲ့ဝင် ဦးစိုးဦးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဒုတိယပါမေက္ခချုပ်(လေ့ကျင့်သင်ကြားရေး) ဦးနေ၀င်းက ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)၏ လေ့ကျင့်ရေးနှင့် စီမံကိန်းခွဲရေးဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) ပါမေက္ခချုပ် ဦးအောင်ဆန်းဝင်းနှင့် လေ့လာရေး သင်တန်းသူနှစ်ဦးတို့သည် လေ့လာရေးအထိမ်းအမှတ် အလံများကို အပြန်အလှန်ပေးအပ်ကြသည်။
ထိုမှတစ်ဆင့် လေ့လာရေးအဖွဲ့ဝင်များသည် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဗဟိုလေ့ကျင့်ရေး ကျောင်းသို့ ရောက်ရှိကြရာ သင်တန်းခန်းမ၌ ဒုတိယကျောင်းအုပ်ကြီး ရဲမှူးကြီးကျော်ဌေးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ သမိုင်းအကျဉ်းချုပ်နှင့် ဗဟိုလေ့ကျင့်ရေးဆိုင်ရာဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် သင်တန်းသူနှစ်ဦးတို့က လေ့လာရေးအထမ်းအမှတ်အလံကို ပေးအပ်ပြီး ဒုတိယကျောင်းအုပ်ကြီးက အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်သည်။
ထို့နောက် လေ့လာရေးအဖွဲ့ဝင်များသည် ရဲသမိုင်း ပြတိုက်၊ မှုခင်းသိပ္ပံဓာတ်ခွဲခန်း၊ စာကြည့်တိုက်နှင့် စာဖတ်ခန်း၊ အင်္ဂလိပ်ဘာသာ စာသင်ခန်း၊ ကွန်ပျုတာ သင်ကြားရေးခန်း၊Language Lab နှင့် အမှုစစ်အရာရှိ သင်တန်းခန်းတို့ကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။
လေ့လာရေးသင်တန်းသား၊ သင်တန်းသူများသည် မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဗဟိုသတ်သင်တန်းကျောင်းသို့ ရောက်ရှိကြရာ စစ်ရေးပြကွင်း၌ ဗဟိုမီးသတ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးသောင်ဇင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် လေ့လာရေးအဖွဲ့ဝင်များသည် လက်တွေ့ သရုပ်ပြတင်ဆက်မှုနှင့် မီးသတ်ပစ္စည်းကိရိယာများ သရုပ်ပြခြင်းတို့ကို ကြည့်ရှု လေ့လာကြပြီး အထိမ်းအမှတ်အလံများ အပြန်အလှန် ပေးအပ်ကြသည်။
လေ့လာရေးသင်တန်းသား၊ သင်တန်းသူများသည် ဇန်န၀ါရီ ၂၀ ရက် နံနက်ပိုင်းတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒိုးကွင် စိုက်ပျိုးရေးခြံသို့ ရောက်ရှိကြရာ ရှင်းလင်းခန်းမဆောင်၌ ခရိုင်မန်နေဂျာ ဦးညွန့်ဆွေက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ခြံမန်နေဂျာ ဦးတင့်လွင်က ဒိုးကွင်စိုက်ပျိုးရေးခြံနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ လေ့လာရေး အထမ်းအမှတ် အလံများ အပြန်အလှန်ပေးအပ်ပြီး စိုက်ပျိုးရေးခြံအတွင်း လှည့်လည်လေ့လာကြသည်။
ထိုမှတစ်ဆင့် လေ့လာရေးအဖွဲ့ဝင်များသည် အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ ရောက်ရှိ လေ့လာကြသည်။
ဆက်လက်၍ သစ်တောရေးရာဝန်ကြီးဌာန သစ်တောဦးစီးဌာန မြန်မာနိုင်ငံသစ်တောကျောင်းသို့ ရောက်ရှိကြရာ ကျွန်းရတနာခန်းမ၌ မြန်မာနိုင်ငံသစ်တောကျောင်း ကျောင်းအုပ်ကြီးဦးမြက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား၍ မြန်မာနိုင်ငံသစ်တောကျောင်းသမိုင်းနှင့် လေ့လာရေးအထိမ်းအမှတ် အလံကို ပေးအပ်ကာ ပြတိုက်နှင့် စာကြည့်တိုက်ကို လှည့်လည်ကြည့်ရှု လေ့လာကြသည်။
လေ့လာရေးအဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့နယ် ရတနာပုံမြို့သစ်ရှိ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ရတနာပုံတယ်လီပို့သို့ ရောက်ရှိကြရာ ရှင်းလင်းခန်းမ၌ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွေးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးတင့်လွင်က ရတနာပုံမြို့သစ်တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများနှင့် သတင်းနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းပြောကြားကာ လေ့လာရေးအထိမ်းအမှတ်အလံပေးအပ်ပြီး ရတနာပုံတယ်လီပို့ တည်ဆောက်ရေးလုပ်ငန်းခွင်ကို လှည့်လည်ကြည့်ရှု လေ့လာကြကြောင်း သတင်းရရှိသည်။

No comments: