Friday, February 20, 2009

လျှပ်စစ်(၁)၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်း မကွေးတွင် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ပေး


အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်းသည် ဖေဖော်ဝါရီ ၁၆ရက် နံနက်ပိုင်းက မကွေးမြို့နယ်ရှိ ကြာကန်ကျေးရွာ၊ ညောင်ပင်သာရွာ၊ လေးအိမ်ရွာ၊ ပုဂံမျှော်ရွာ၊ ကြို့ပင်အင်းရွာ၊ ကြူချောင်းရွာသစ်၊ ကြူချောင်းရွာမ၊ ကြိုးကြာကတ်ရွာနှင့် ကြည်တစ်လုံးရွာတို့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ကျေးရွာလျှပ်စစ်မီးရရှိရေးအတွက် ဇီဝဓာတ်ငွေ့သုံး လျှပ်စစ်မီး စက်ရုံတည်ဆောက်ရန် ညှိနှိုင်းဆောင်ရွက်ပေးပြီး ကြာကန်ရွာရှိ အခြေခံပညာ အထက်တန်းကျောင်း၌ ဆရာ ဆရာမမျာနှင့် တွေ့ဆုံကာ ဘိလပ်မြေအိတ်များနှင့် အလှူငွေများကို ပေးအပ်လှူဒါန်း၍ စက်ရေတွင်းပြုပြင်ရန် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ၀န်ကြီးသည် ညောင်ကန်ကျေးရွာ၌ ညောင်ကန်ရွာ၊ သံဘိုလေးရွာ၊ လိပ်ကမ်းရွာ၊ ရွာသစ်ကြီးရွာ၊ ကုန်းကြီးရွာ၊ ကျစ်စုံပွေးရွာ၊ ဘိုကုန်းရွာ၊ တယ်ပင်ကန်ပေါက်ရွာ၊ ကန်ပြားကြီးရွာ၊ သပြေရင်ရွာ၊ ဖိုလေးလုံးရွာ၊ ကျောင်းဆောင်ရွာ၊ လင့်မြင့်ရွာ၊ သံဖိုရွာနှင့် လက်ဆည်ကန်ရွာ စသည့် ရွာပေါင်း ၁၆ရွာမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ကျေးရွာပိုင် ဇီဝဓာတ်ငွေ့သုံး လျှပ်စစ်မီး စက်ရုံတည်ဆောက်ရေးအတွက် ညှိနှိုင်း ဆောင်ရွက်ပေးကာ ညောင်ကန်စံပြကျေးရွာ တိုက်နယ်ဆေးရုံကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ၀န်ကြီးသည် ကန်ပြားကျေးရွာသို့ ရောက်ရှိကာ ကန်ပြားအရှေ့ရွာ၊ ကန်ပြားအနောက်ရွာ၊ စမ်းကန်ရွာ၊ ကန်သာကြီးရွာ၊ ကန်သာလေးရွာ၊ ညောင်ပင်ရွာ၊ ရွာဟောင်းကန်ရွာ၊ ရွာသစ်ရွာ၊ လွန်မြတ်ကန်ရွာ၊ ဘုရားပြိုတောင်ရွာ၊ ဂွေးတောက်စမ်းရွာ၊ မကြီးကန်ရွာ၊ ဆားတိုင်ကန်ရွာနှင့် ထပေါက်တောရွာတို့မှ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပြီး ကန်ပြားကျေးရွာ တွဲဖက် အထက်တန်းကျောင်း၌ သောက်သုံးရေ ရရှိရေးအတွက် ရေကန်နှင့် ရေတင်စက်တပ်ဆင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments: