နိုင်ငံတော်အကြီးအကဲဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်ဇနီးဒေါ်ကြိုင်ကြိုင်
တည်ခင်းဧည့်ခံသော (၆၂)နှစ်မြောက် ပြည်ထောင်စုနေ့ ဧည့်ခံပွဲနှင့်
ညစာစားပွဲ နေပြည်တော် မြို့တော်ခန်းမ ရင်ပြင်၌ ကျင်းပ

ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင်တို့က တည်ခင်းဧည့်ခံသော ၂၀၀၉ ခုနှစ် (၆၂)နှစ်မြောက် ပြည်ထောင်စုနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမရင်ပြင်၌ ကျင်းပသည်။
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင်တို့သည် ၂၀၀၉ ခုနှစ် (၆၂)နှစ်မြောက် ပြည်ထောင်စုနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲ ကျင်းပသည့် နေပြည်တော်ရှိ မြို့တော်ခန်းမရင်ပြင်သို့ ညနေ ၆ နာရီခွဲတွင် ရောက်ရှိလာကြရာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၊ ၂၀၀၉ခုနှစ် (၆၂)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ ၂၀၀၉ခုနှစ် (၆၂)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝေလွင်နှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
ယင်းနောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အဖွဲ့ဝင်များသည် ၂၀၀၉ခုနှစ် (၆၂)နှစ်မြောက် ပြည်ထောင်စုနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲသို့ တက်ရောက်လာကြသည့် ပြည်နယ်နှင့် တိုင်းအသီးသီးတို့မှ ပြည်ထောင်စုနေ့ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် အထူးဧည့်သည်တော်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင်တို့သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
No comments:
Post a Comment