ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဟူသော အမျိုးသားရေးမူဝါဒကို ပြည်ထောင်စုတိုင်းရင်းသားအားလုံး စောင့်ထိန်းကာကွယ်ရေး၊ တိုင်းရင်းသား ပြည်သူများအတွင်း ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ် ရှင်သန်ထွန်းကားရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုတို့အား နှောင့်ယှက်ဖျက်ဆီးသည့် ပြည်တွင်း၊ပြည်ပ အဖျက်သမားများ၏ အန္တရာယ်ကို တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုဖြင့် ပူးပေါင်းကာကွယ်တားဆီးရေး၊ တိုင်းရင်းသားပြည်သူများ၏ တစ်ခဲနက် ထောက်ခံမှုဖြင့် အတည်ပြုခဲ့သော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ေ်ဆာက်ရေးအတွက် တိုင်းရင်းသားအားလုံး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ရေး၊ နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် (၇)ရပ် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်ထောင်စု တိုင်းရင်းသားအားလုံး ၀ိုင်းဝန်းကြိုးပမ်းရေးဟူသော အမျိုးသားရေး ဦးတည်ချက်(၅)ရပ်နှင့်အညီ အနှစ်သာရ ပြည့်ဝစွာ ကျင်းပသည့် ၂၀၀၉ခုနှစ် (၆၂)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမရှေ့ ဥပစာရင်ပြင်၌ ကျင်းပရာ ၂၀၀၉ခုနှစ် (၆၂)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး တက်ရောက်၍ ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံမှ ၂၀၀၉ ခုနှစ် (၆၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သော သ၀ဏ်လွှာကို ဖတ်ကြားသည်။
အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်မတော်အရာရှိကြီးများ၊ ၂၀၀၉ ခုနှစ် (၆၂)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ်အမှုဆောင် အစိုးရအဖွဲ့ အဖွဲ့ဝင် ၀န်ကြီးများ၊ စာရင်းစစ်ချုပ်၊ နေပြည်တော်မြို့တော်ဝန်၊ ဒုတိယ၀န်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ၂၀၀၉ ခုနှစ် (၆၂)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟိုကော်မတီဝင်များ၊ စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ဗဟိုရုံး အကြီးအကဲများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ၀န်ကြီးဌာနများမှ ရုံးအဖွဲ့မှူးများ၊ နေပြည်တော်ခရိုင်၊ နေပြည်တော်ပျဉ်းမနား မြို့နယ်နှင့် ရပ်ကွက် ကျေးရွာအုပ်စုများမှ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးမှူးများ၊ ပြည်နယ်နှင့်တိုင်းများမှ ၂၀၀၉ ခုနှစ် (၆၂)နှစ်မြောက် ပြည်ထောင်စုနေ့ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့ဝင်များ၊ ၀န်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းမျာ၊ တပ်နယ်မိသားစုများ၊ နေပြည်တော်ရှိ ခရိုင်နှင့် မြို့နယ်များမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၊ မြို့နယ်များမှ စစ်မှုထမ်းဟောင်းအဖွဲ့၊ ကြက်ခြေနီနှင့် အရန်မီးသတ်တပ်ဖွဲ့တို့မှ ကိုယ်စားလှယ်များ စုစုပေါင်းအင်အား ၄၃၀၀ကျော်တို့ တက်ရောက်ကြသည်။

No comments:
Post a Comment