Friday, February 20, 2009

မကွေးတိုင်းအတွင်းရှိ ဌာနဆိုင်ရာ အရာထမ်းများအား ဘဏ္ဍာ/အခွန်ဝန်ကြီး ဗိုလ်ချုပ်လှထွန်း တွေ့ဆုံမှာကြား


ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်လှထွန်းသည် ဖေဖော်ဝါရီ ၁၆ရက် နံနက်ပိုင်းက မကွေးတိုင်း ချောက်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ် အစည်းအဝေးခန်းမ၌ မကွေးတိုင်းအတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့အာမခံလုပ်ငန်း၊ မြန်မာ့အသေးစားချေးငွေလုပ်ငန်း၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ပင်စင်ဦးစီးဌာနတို့မှ တိုင်းနှင့်ခရိုင်အဆင့် အရာထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်မှုတိုင်း ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံး လုပ်နည်းများနှင့် အညီ ဆောင်ရွက်သွားရေး၊ ဌာနဆိုင်ရာ တာဝန်များ ထမ်းဆောင်ရင်း ဒေသဖွံ့ဖြိုး တိုးတက်မှုကိုပါ အထောက်အကူပြု ဆောင်ရွက်သွားရေးတို့ကို အကျယ်တ၀င့်မှာကြားပြီး ချောက်မြို့ မြန်မာ့ စီးပွားရေးဘဏ်ရှိ ငွေစုဘဏ်လုပ်ငန်း၊ ဘဏ်ငွေလွှဲလုပ်ငန်း၊ ဘဏ်ငွေပေးအမိန့်လုပ်ငန်း စသည့် ဘဏ်လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ၀န်ကြီးသည် ချောက်မြို့နှင့် ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ဆိပ်ဖြူမြို့တို့ကို ဆက်သွယ်ထားသည့် ဧရာဝတီမြစ်ကူး အနော်ရထာတံတား ကြံ့ခိုင်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

No comments: