Monday, February 23, 2009

သဘာဝဘေးအန္တရာယ်ကြောင့် လူ့အသက်ဆုံးရှုံးမှုမှ ကာကွယ်တာဆီးနိုင်ရေး Cyclone Shelter အဆောက်အအုံပိုင်းကို မိုးကာလ မတိုင်မီ ပြီးစီးရန် ဆောင်ရွက်




အမျိုးသား သဘာဝဘေး ကာကွယ်စောက်ရှောက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ အစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါလျက် ဧရာဝတီတိုင်းအတွင်း လေဘေးသင့်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းကွန်ယက်စီမံကိန်းလုပ်ငန်းများ၊ Cyclone Shelter တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရန် ဖေဖော်ဝါရီလ ၂၁ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ဖျာပုံမြို့သို့ ရဟတ်ယာဉ်များဖြင့် ရောက်ရှိကြရာ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကိုကို၊ ဧရာဝတီတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ဆွေ၊ နယ်မြေတာဝန်ခံ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ်စိုးနိုင်နှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။

No comments: