Thursday, April 23, 2009

မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် မိုးဆက်လက် ထစ်ချုန်းရွာနိုင်

ယနေ့နံနက် ၉ နာရီခွဲအထိ မိုးလေ၀သတိုင်းထွာချက်အကျဉ်းချုပ်မှာ လွန်ခဲ့သော ၂၄ နာရီအတွင်းက ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် နေရာအနှံ့အပြား ၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတို့တွင် နေရာစိပ်စိပ်၊ ကရင်ပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင် နေရာကျဲကျဲ၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် ပဲခူးတိုင်းတို့တွင် နေရာကွက်ကျုား မိုးထစ်ချုန်းရွာခဲ့ပြီး ကျန်ပြည်နယ်နှင့်တိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကာ မွန်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးခဲ့သည်။
နေ့အပူချိန်များမှာ ကချင်ပြည်နယ်တွင် ဧပြီလ ပျှမ်းမျှအပူချိန်တို့ထက် ၆ ဒီဂရီ စင်တီဂရိတ်၊ မန္တလေးတိုင်းတွင် ဧပြီလ ပျှမ်းမျှအပူချိန်တို့ထက် ၃ ဒီဂရီစင်တီဂရိတ် ပိုခဲ့ပြီး ရှမ်းပြည်နယ်တွင် ဧပြီလ ပျှမ်းမျှအပူချိန်တို့အောက် ၆ ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ဧပြီလ ပျှမ်းမျှအပူချိန်တို့အောက် ၄ ဒီဂရီစင်တီဂရိတ်လျော့နည်းခဲ့ကာ ကျန်ဒေသများတွင် ဧပြီလ ပျှမ်းမျှအပူချိန်ခန့်သာ ရှိခဲ့သည်။
ထူးခြားသည့်နေ့အပူချိန်များမှာ ညောင်ဦးမြို့တွင် ၄၂ ဒီဂရီစင်တီဂရိတ်နှင့် မင်းဘူးမြို့တွင် ၄၁ ဒီဂရီစင်တီဂရိတ်တို့ ဖြစ်ကြသည်။မှတ်သားဖွယ်ရာမိုးရေချိန်များမှာ ကျိုက္ခမီမြို့တွင် ၃ဒသမ၉၀လက်မ၊ မြစ်ကြီးနားမြို့တွင် ၁ဒသမ ၃၈လက်မ၊ ကော့ကရိတ်မြို့တွင် ၁ဒသမ ၁၄လက်မ၊ မိုးကုတ်မြို့နှင့် သထုံမြို့တို့တွင် ၀ဒသမ ၇၉လက်မစီ၊ ရေးမြို့တွင် ၀ဒသမ ၆၃လက်မနှင့် လားရှိုးမြို့တွင် ၀ဒသမ ၅၉လက်မတို့ ဖြစ်ကြသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းနေသည်။
ဧပြီ ၂၃ရက် ညနေအထိ ခန့်မှန်းချက်မှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် နေရာကျဲကျဲ၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ကျန်ဒေသများတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ရွာရန်ရာနှုံး ၆၀ ဖြစ်သည်။
မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။
နောက်နှစ်ရက်အတွက် ခန့်မှန်းချက်မှာ မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် မိုးဆက်လက် ထစ်ချုန်းရွာနိုင်သည်။
နေပြည်တော်နှင့် အနီးတ၀ိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။ရွာရန်ရာနှုန်း ၆၀ဖြစ်သည်။
ရန်ကုန်မြို့နှင့် အနီးတ၀ိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်သည်။ရွာရန်ရာနှုန်း ၆၀ဖြစ်သည်။
မန္တလေးမြို့နှင့် အနီးတ၀ိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်သည်။ရွာရန်ရာနှုန်း ၆၀ဖြစ်သည်။

No comments: