Wednesday, April 22, 2009


ဖူးကျင့်ပြည်နယ်အနေဖြင့် မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကို စိတ်ဝင်စား စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို တိုးမြှင့်ကြိုးပမ်းဆောင်ရွက်သွားမည်။

ဖူးကျင့်ပြည်နယ် ရှားမင်းမြို့ ရောက်ရှိနေသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်အား ဧပြီ ၁၉ ရက် ညနေ ၆နာရီတွင် Yeohwa Hotel ပထမထပ်ရှိ Mandarim Grand Ballroom ဖူးကျင့်ပြည်နယ်အစိုးရ ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဟွမ်ရှောက်ကျင်းက လာရောက် ဂါရ၀ပြု တွေ့ဆုံနှုတ်ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးဥာဏ်ဝင်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဦးစိုးသာ၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ပြည်ထောင်စုမြန်မာနိုင်ငံ သံအမတ်ကြီး ဦးသိန်းလွင်၊ အစိုးရအဖွဲ့ရုံး ညွန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးသန့်ရှင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်ကျော်၊ နိုင်ငံရေးရာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။အလားတူ ဖူးကျင့်ပြည်နယ်အစိုးရ ပြည်နယ် အုပ်ချုပ်ရေးမှူးမစ္စတာ ဟွမ်ရှောက်ကျင်းနှင့်အတူ ပြည်နယ် ပါတီအမြဲတမ်းကော်မတီဝင် ရှားမင်းမြို့ ပါတီအတွင်းရေးမှူးမစ္စတာဟာလိဖုန်း၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာဟုန်ကျယ်ရွှိ၊ ပြည်ထောင်စု မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာယဲ့တာပို၊ မြို့တော်ဝန်လျွှိုမြင် ၊ ပြည်နယ် နိုင်ငံခြားရေးရုံးညွန်ကြားရေးမှူးချုပ် စုန်းခဲနင်၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မတီ ဒုတိယဥက္ကဌ ကျန်းရှန်းကျယ်နှင့်တာဝန်ရှိပုဂ္ဂိုလ်များပါဝင်ကြသည်။

နှုတ်ခွန်းဆက်စကား

ရှေးဦးစွာ ဖူးကျင့် ပြည်နယ်အစိုးရ ပြည်နယ် အုပ်ချုပ်ရေးမှူး မစ္စတာ ဟွမ်ရှောက်ကျင်းက ကြိုဆိုနှုတ်ခွန်းစကား ပဏာမပြောကြားသည်။ရှင်းလင်းပြောကြားထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က နှုတ်ခွန်းဆက်စကားပြန်လည်ပြောကြားပြီးနောက် မြန်မာနိုင်ငံနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သည် နယ်နမိတ်ချင်းရှည်လျားစွာ ဆက်စပ်နေကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်နှင့်အညီ အိမ်နီးချင်းကောင်းပီသစွာ ဆက်ဆံနေထိုင်ကြကြောင်း ၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ရေနံနှင့်သဘာဝ ပိုက်လိုင်းလုပ်ငန်း၊ ရေအားလျှပ်စစ်လုပ်ငန်း၊ သတ္တုလုပ်ငန်းစသည့် စီးပွားရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေသကဲ့သို့ ချစ်ကြည်ရင်းနှီးမှုကိုလည်း ပိုမိုရရှိလာမှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ One China Policy ကိုအမြဲတမ်း ထောက်ခံပါကြောင်း ပြောကြားပြီး မြန်မာနိုင်ငံ နိုင်ငံရေး တိုးတက်ဖြစ်ပေါ်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ယင်းနောက် ဖူးကျင့်ပြည်နယ် အစိုးရ ပြည်နယ်အုပ်ချုပ်ရေးမှူးမစ္စတာဟွမ်ရှောက်ကျင်းက မြန်မာနိုင်ငံအစိုးရအနေဖြင့် မြန်မာပြည်သူတို့ လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်နေမှုကို သိရှိရသဖြင့် ၀မ်းမြောက်ပါကြောင်း၊ ဖူးကျင့်ပြည်နယ်အနေဖြင့် မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကို စိတ်ဝင်စားပါကြောင်း၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများကို တိုးမြှင့်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။

တည်ခင်းဧည့်ခံ

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် အဖွဲ့အား ဖူးကျင့် ပြည်နယ်အစိုးရ ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဟွမ်ရှောက်ကျင်းက ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

No comments: