Thursday, April 2, 2009

ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်အား ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ ဌာနေကိုယ်စားလှယ် တွေ့ဆုံ


ကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာကျော်မြင့်အား ကုလသမဂ္ဂ လူဦးရေရန်ပုံငွေ အဖွဲ့ဌာနေကိုယ်စားလှယ် Mr.Mohaaened Abdel-Ahad သည် ယမန်နေ့ မွန်းလွဲ ၂နာရီ က နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ သည်။
တက်ရောက်
ယင်းသို့ တွေ့ဆုံရာတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးများဖြစ်ကြသော ဒေါက်တာမြဦးနှင့် ဒေါက်တာပိုင်စိုး ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

No comments: