Thursday, April 2, 2009

ရန်ကုန်မြို့ သန့်ရှင်းသာယာလှပရေးနှင့် အဆင့်မြှင့်တင်ရေး ဦးစီးကော်မတီစည်းဝေး


ရန်ကုန်မြို့ သန့်ရှင်းသာယာလှပရေးနှင့် အဆင့်မြှင့်တင်ရေး ဦးစီးကော်မတီ အစည်းအဝေး (၅/၂၀၀၉)ကို မတ် ၃၁ရက် မွန်းလွဲ ၁နာရီတွင် ရန်ကုန်မြို့ရှိ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှေးဦးစွာ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေက ရန်ကုန်မြို့သည် နိုင်ငံတော်၏ စီးပွားရေးမြို့တော်ဖြစ်သည် နှင့်အညီ မြို့တော်နေ ပြည်သူများအပါအ၀င် ဌာနဆိုင်ရာ အားလုံးတို့က ပူးပေါင်းဆောင်ရွက် ရေးတို့နှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားသည်။
ဖြည့်စွက်တင်ပြ
ထို့နောက် ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်က လိုအပ်သည်များကို တင်ပြသည်။
ဆက်လက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း၊ ဦးစီးကော်မတီ ဥက္ကဌ ဒုတိယမြို့တော်ဝန် ဗိုလ်မှူးကြီး မောင်ပါ နှင့်လုပ်ငန်းကော်မတီအသီးသီးတို့က လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေက လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြား ကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

No comments: