ဝန်ကြီး ဗိုလ်မှူးကြီးဇော်မင်း ရဲရွာရေအားလျှပ်စစ်စီမံကိန်း ကြည့်ရှုစစ်ဆေး
နှစ်စဉ်လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း သန်း ၃၅၅၀ ထုတ်လုပ်ပေးနိုင်မည်

အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးကြီးဇော်မင်းသည် ဧပြီ ၅ရက်က မန္တလေးမြို့၏ အရှေ့တောင်ဘက် ၃၁မိုင်အကွာ (ရဲ-ယမန်းရွာ) အနီးရှိ မြစ်ငယ်မြစ်ပေါ်တွင် အမှတ်(၂) တည်ဆောက်ရေးမှ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသော ရဲရွာရေအားလျှပ်စစ်စီမံကိန်း သို့ ရောက်ရှိပြီး စီမံကိန်းရှင်းလင်ဆောင်၌ တာဝန်ရှိသူတို့၏ ရှင်းလင်းတင်ပြချက်များအပေါ် ၀န်ကြီးက လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး စီမံကိန်းလုပ်ငန်းကို သတ်မှတ်ပေးထားသည့် အချိန်ကာလအတိုင်း ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ကြရေးတို့ကို မှာကြားသည်။
ထို့နောက် ၀န်ကြီးနှင့် အဖွဲ့သည် စိမံကိန်းလုပ်ငန်းခွင်အတွင်းရှိ ပင်မ တမံဝဲဘက်ကမ်း (EL-197.0m) ရှု ရပ်မှနေ၍ လည်းကောင်း၊ ဓာတ်အားပေးစက်ရုံအတွင်းသို့ ၀င်ရောက်၍ လည်းကောင်း ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားသည်။
အဆိုပါ ရဲရွာရေအားလျှပ်စစ်စီမံကိန်း၏ ပင်မတမံမှာ R.C.C တမံ အမျိုးအစားဖြစ်ပြီး ယခုအခါ စီမံကိန်းတစ်ခုလုံး၏ ပြီးစီးမှုမှာ ၇၆ ဒသမ ၃၅ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်သည်။ စီမံကိန်း ပြီးစီးပါက စက်တပ်ဆင်အင်အား ၁၉၇ ဒသမ၅မဂ္ဂါဝပ်ရှိ စက်လေးလုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အား မဂ္ဂါဝပ် ၇၉၀မှ နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း သန်း ၃၅၅၀ ထုတ်လုပ်ပေးနိုင်မည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment