KNU ၏ရည်မှန်းချက်နှင့် လုပ်ဆောင်ချက်များသည် ကရင်ပြည်သူလူထု ကောင်းစားရေးနှင့် အလှမ်းဝေးရုံမျှမက ဒုက္ခတွင်းထဲသို့သာ တွန်းပို့နေကြောင်းကို အဆုံးတိုင်သိမြင်လာ ထို့ကော်ကိုးကျေးရွာသို့ လာရောက်ပူးပေါင်းသော KNU သောင်းကျန်းသူအဖွဲ့မှ ကွန်လွန်သူ KNU/KNLA ဥက္ကဌဟောင်း စောဘိုမြ၏သား ဗိုလ်ကြီးအဆင့်ရှိ စောနေစိုးမြ ဦးစီးအဖွဲ့ဝင် မိသားစုများအား နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့က ၀မ်းပန်းတသာ ကြိုဆို
နိုင်ငံတော်အစိုးရသည် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် လွတ်လပ်ရေးရစဉ် ကတည်းက ပေါ်ပေါက်လာခဲ့သော လက်နက်ကိုင် ဆန့်ကျင်ဘက် အဖွဲ့အစည်းများအား တရားဥပဒေဘောင်အတွင်း ၀င်ရောက်လာစေရန် စိတ်ကောင်း စေတနာကောင်းနှင့် ဖိတ်ခေါ်ကမ်းလှမ်း ကြိုဆိုလျက်ရှိသည်။
နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့၏ ညီညွတ်မှုစွမ်းအားဖြင့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ် ဖြစ်ပေါ်လာစေရေးအတွက် မူဝါဒလမ်းစဉ်(၇)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသကဲ့သို့ တစ်ဖက်မှလည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တရားဥပဒေဘောင်အတွင်ါ် ၀င်ရောက်ခဲ့ပြီးသော တိုင်းရင်းသား အဖွဲ့အစည်းများကို လက်တွဲခေါ်ယူ၍ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများအပေါ် နားလည်ယုံကြည်မှုရှိလာပြီး ဒေသ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသတွင်း တည်ငြိမ်အေးချမ်းသာယာရေးသည် မရှိမဖြစ် လိုအပ်ချက် ဖြစ်ကြောင်း ယုံကြည်လက်ခံလာခြင်း၊ နယ်မြေအေးချမ်းမှုကြောင့် ရရှိလာသည့် ဒေသ ဖွံ့ဖြိုးတိုးတက်မှုများအပေါ် ဒေသခံ ပြည်သူများက ကြည်နူးဝမ်းသာလျက် ရှိနေကြောင်းကို မျက်ဝါး ထင်ထင် တွေ့ရှိနေရခြင်း၊ တရားဥပဒေဘောင်အတွင်း စောစီးစွာ ၀င်ရောက်ခဲ့ပြီးသော တိုင်းရင်းသား အဖွဲ့အစည်းများအပေါ် နိုင်ငံတော်က စာနာနားလည်ပြီး နွေးထွေးစွာ စောင့်ရှောက်ပေးထားမှုများကြောင့် အေးချမ်းတည်ငြိမ်လာသည်နှင့်အမျှ လူနေမှုဘ၀ တိုးတက်မြင့်မားလာမှုများကို မျက်မြင်လက်တွေ့ သိရှိသဘောပေါက်လာခြင်း၊ KNU ၏ ရည်မှန်းချက်နှင့် လုပ်ဆောင်ချက်များသည် ကရင်ပြည်သူ လူထုကောင်းစားရေးနှင့် အလှမ်းဝေးရုံမျှ မက ဒုက္ခတွင်းထဲသို့သာ တွန်းပို့နေကြောင်းကို အဆုံးတိုင် သိမြင်လာခြင်းတို့ကြောင့် KNU သောင်းကျန်းသူအဖွဲ့မှ ကွယ်လွန်သူ KNU/KNLA ဥက္ကဋ္ဌဟောင်း စောဘိုမြ၏သား ဗိုလ်ကြီး အဆင့်ရှိ စောနေစိုးမြ ဦးစီးအင်အား ၇၁ဦး၊ မှီခိုသူ မိသားစုဝင် ၈၈ဦး စုစုပေါင်း အင်အား ၁၅၉ဦး တို့သည် လက်နက်မျိုးစုံ ၂၄လက်၊ ခဲယမ်းမီးကျောက် ဆက်စပ်ပစ္စည်းများနှင့်အတူ မတ်၃၀ရက်တွင် KNU/KNLA ငြိမ်းချမ်းရေးကောင်စီရှိရာ ထို့ကော်ကိုးကျေးရွာသို့ လာရောက်ပူးပေါင်းခဲ့ကြကြောင်း သိရှိရသည်။

No comments:
Post a Comment