ရခိုင်ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ အနောက်ပိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းအေးနှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ်အောင် မင်းတို့သည် ဒုတိယ၀န်ကြီး ဦးဖေသန်းနှင့်အတူ မတ် ၃၁ရက်တွင် စစ်တွေ-အမ်း-မင်းဘူး ရထားလမ်းဖောက်လုပ်ငန်းရေးစီမံကိန်း စစ်တွေပုဏ္ဏားကျွန်းလမ်းပိုင်းစီမံကိန်း ရှင်းလင်း ဆောင်သို့ရောက်ရှိရာ စီမံကိန်းအင်ဂျင်နီယာ ဦးမျိုးဇော်ထူးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဒုတိယ၀န်ကြီးက ဖြည့်စွက်ရှင်းလင်းတင်ပြပြီး တိုင်းမှူးနှင့် ၀န်ကြီးတို့က ဖြည့်စွက်ရှင်းလင်းတင်ပြပြီး တိုင်းမှူးနှင့်ဝန်ကြီးတို့က လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးကြသည်။
ထို့နောက်တိုင်းမှူးနှင့် ၀န်ကြီးတို့သည် စစ်တွေဘူတာယာဒ်ဝင်းအတွင်း သံလမ်းအကြမ်း ခင်းခြင်းလုပ်ငန်း၊ ကျောက်ဖြည့်တင်းခြင်းလုပ်ငန်း၊ ဇလီဖားတုံးအကြမ်း စီခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကြသည်။
ထိုမှတစ်ဆင့် မြေသားတာပေါင်တစ်လျှောက် မော်တော်ယာဉ်များဖြင့် ကြည့်ရှုစစ်ဆေး ကြပြီး ဘုမေကျေးရွာအနီးရှိ လက်သမားချောလက်တက်(၁) တံတားတည်ဆောက် နေ မှု မန်စီချောင်း တံတား တည်ဆောက်နေမှုနှင့် ဇောဂျာရွာအနီးရှိ ဇောပူဂျာဘူတာယာဒ်ဝင်း မြေကြီးလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် မုဆိုးချောင်းတံတားကြမ်းခင်း ကွန်ကရစ်လောင်းခြင်းလုပ်ငန်း ဆောင်ရွက် နေမှုကိုလည်းကောင်း၊ ရေချမ်းပြင်သင်္ဘောဆိပ်၌ RBE တွဲဆိုင်းများရေချမ်းပြင်ဘူတာသို့ ယာယီလမ်းခင်း၍ သယ်ယူနေမှုများကို လည်းကောင်းကြည့်ရှုစစ်ဆေးပြီး တိုင်းမှူးနှင့် ၀န်ကြီးတို့က ၀န်ထမ်းများအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကြသည်။
ထိုမှတစ်ဆင့်ဝန်ကြီးဗိုလ်ချုပ်အောင်မင်းနှင့် ဒုတိယ၀န်ကြီး ဦးဖေသန်းတို့သည် ပုဏ္ဏား ကျွန်းမြို့သို့ ရောက်ရှိပြီး ပုဏ္ဏားကျွန်းဘူတာယာဒ်ဝင်း စက်ယန္တရားဖြင့် မြေဖို့ နေမှုကို ကြည့်ရှုစစ်ဆေးကြသည်။
အဆိုပါ စစ်တွေ-အမ်း -မင်းဘူးရထားလမ်း ဖောက်လုပ်ရေးစီမံကိန်း စစ်တွေပုဏ္ဏားကျွန်း လမ်းပိုင်သည် ၂၆မိုင်ရှည်ပြီး ပေ၄၀အောက်တံတား ၂၇စင်းဘလော်ဘူတာငါးလုံးနှင့် ရပ်စခန်းဘူတာငါးလုံး တည်ဆောက်သွားရမည်ဖြစ်ကြောင်းသိရှိရသည်။

No comments:
Post a Comment