





ဆရာဆရာမများသည် မိမိတို့၏ တပည့်များကို ပညာတတ်ဖြစ်ရုံသာမက ကိုယ်ကျင့်တရားကောင်းမွန်ပြီး ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ်ကိန်းအောင်းနေရေး လေ့ကျင့်ပေး
နိုင်ငံတော် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကိုကို၊ အစိုးရအဖွဲ့အဖွဲ့ဝင်ဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လိုက်ပါလျက် ဧရာဝတီတိုင်းအတွင်းရှိ လေဘေးသင့်ဒေသများ ဖွံ့ဖြိုးတိုးတက်မှု၊ လမ်းကွန်ရက် စီမံကိန်းလုပ်ငန်းများနှင့် Cyclone Shelter တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရန် ဧပြီ၎ရက် နံနက်၈နာရီတွင် ရန်ကုန်မြို့မှ ရဟတ်ယာဉ်များဖြင့် ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ် ကျိုက်ပိကျေးရွာအနီးရှိ ရာဇူဒိုင်တံတားအမှတ်(၁) တည်ဆောက်ရေးစီမံကိန်းသို့ ရောက်ရှိရာ ဧရာဝတီတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ဆွေ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်မြင့်သိန်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်တင်ငွေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများကကြိုဆိုကြသည်။
ဖြည့်စွက်တင်ပြ
ထို့နောက် နိုင်ငံတော် ၀န်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား စီမံကိန်းရှင်းလင်းဆောင်၌ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း တံတားဆောက်လုပ်ရေး စီမံကိန်း အထူးအဖွဲ့(၁)မှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးတင့်လွင်က ရာဇူဒိုင်တံတားအမှတ်(၁) တည်ဆောက်ရေးဆိုင်ရာ စီမံကိန်း အချက်အလက်များနှင့် ရေလယ်တိုင် PR No.1၏ RCD ပိုင်တူးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်မြင့်သိန်းက ဖြည့်စွက်တင်ပြသည်။
တစ်ပြိုင်တည်းဆောင်ရွက်
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က တံတားကို သတ်မှတ်ကာလထက် စောပြီးစေရန် တံတားနှစ်ဖက်လုံး တစ်ပြိုင်တည်း ဆောင်ရွက်နိုင်ရေး လိုအပ်သော စက်ယန္တရားနှင့် လူအင်အားများ ထပ်မံဖြည့်ဆည်း ဆောင်ရွက်ရေးတို့ကို မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် နိုင်ငံတော် ၀န်ကြီးချုပ်သည် ရှင်းလင်းဆောင်ရှုရပ်မှ တံတားရေလည်တိုင် PR No.1၏ RCD ပိုင်တူးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ရာဇူဒိုင် တံတားအမှတ်(၁)ကို မအူပင်- ရေလဲကလေး- ရွှေတောင်မော်- ကျိုက်ပိ- မော်လမြိုင်ကျွန်း ကားလမ်းပေါ်တွင် တည်ဆောက်နေကြောင်း သိရှိရသည်။
ရာဇူဒိုင် တံတားအမှတ်(၁)ကို မအူပင်- ရေလဲကလေး- ရွှေတောင်မော်- ကျိုက်ပိ- မော်လမြိုင်ကျွန်း ကားလမ်းပေါ်တွင် တည်ဆောက်နေကြောင်း သိရှိရသည်။
ရှင်းလင်ပြသ
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် ကျေးရွာအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး၌ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး နွားစွန့်ပစ်ပစ္စည်းနှင့် အိမ်သုံးဆားတို့ ပေါင်းစပ်အသုံးပြုထားသည့် ဘိုင်အိုဘက်ထရီဖြင့်မီးထွန်းနိုင်မှုကို ရှင်းလင်းပြသသည်။ဆက်သွယ်ရေး
ဆက်လက်၍ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်က ကျေးရွာနေပြည်သူများ မိမိတို့၏ စီးပွားရေး၊ လူမှုရေးစသည့် လုပ်ငန်းများကို အနယ်နယ် အရပ်ရပ်သို့ ဆက်သွယ်ပြောဆိုနိုင်ရန် တယ်လီဖုန်း ဆက်သွယ်ရေးကွန်ရက် ဆောင်ရွက်ပေးထားမှု၊ အဆိုပါတယ်လီဖုန်း ဆက်သွယ်ရေးမှသည် အချို့ကျေးရွာများတွင် ကွန်ပျူတာနှင့်တွဲဖက်ပြီး သတင်းစာများ ဖတ်ရှုနိုင်မည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
အသက်ကယ်ကုန်းမြင့်
ဆက်လက်၍ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အေ၀မ်း ဆောက်လုပ်ရေးကုမ္မဏီက တည်ဆောက်နေသော Cyclone Shelter နှင့် အသက်ကယ်ကုန်းမြင့်တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ဓာတ်အားခွဲရုံ
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လပွတ္တာ ဓာတ်အားခွဲရုံ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးကြရာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးတင်အောင်က ရှင်းလင်းတင်ပြပြီး နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် လပွတ္တာမြို့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ ညနေပိုင်းတွင် ပုသိမ်မြို့သို့ ရောက်ရှိကြသည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် လပွတ္တာမြို့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ ညနေပိုင်းတွင် ပုသိမ်မြို့သို့ ရောက်ရှိကြသည်။
No comments:
Post a Comment