Wednesday, April 22, 2009

ဗိုလ်ချုပ်ကြီးသိန်းစိန်အား Zijin Mining Group Co.,Ltd. မှ လာရောက်တွေ့ဆုံ

ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်အား Zijin Mining Group Co.,Ltd. ဥက္ကဌ ချိန်ကျင်းဟဲသည် ဧပြီ ၁၉ ရက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် Yeohwa Hotel. Xin Yue အဆောက်အအုံရှိ အခန်း(ဘီ)သို့ လာရောက်တွေ့ဆုံပြီး လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

ထိုသို့လာရောက်တွေ့ဆုံရာတွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးဥာဏ်ဝင်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးစိုးသာ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ ပြည်ထောင်စု မြန်မာနိုင်ငံသံအမတ်ကြီး ဦးသိန်းလွင်၊ အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် ဗိုလ်မှူးကြီးသန့်ရှင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်၊ နိုင်ငံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

Zijin Mining Group Co.,Ltd. ဘက်မှ ဥက္ကဌ ချိန်ကျင်းဟဲ၊ ဒုတိယ ဥက္ကဌ လန်ဖုရှင်းတို့ တက်ရောက်ကြပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ယဲ့တာပို၊ ဖူးကျင့်ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး မစ္စတာ ဟုန်ကျယ်ရွှိ၊ ဖူးကျင့်ပြည်နယ် အစိုးရအဖွဲ့ရုံး ဒုတိယ အထွေထွေ အတွင်းရေးမှူး လော့ကျန့်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments: