
မိုက်ကယ်အဲရစ်နှင့်လက်ထပ်ခဲ့စဉ်က
အဲ.......အဲ--- ဂျွန်ဝီလျှံယိတောဆိုလား။
ဘာဆိုလားပဲ။ ၂၀၀၉၊ မေလ(၃)ရက်နေ့ညက နေအိမ်ခြံထဲဝင်ပြီး၊ မေလ(၅)ရက်နေ့ နံနက်ပြန်ထွက်သွားကာမှ သက်ဆိုင်ရာကဖမ်းမိခဲ့လို့တဲ့..............
ဘယ်ကလဲဟဲ့..............

ခိုးကြောင်ခိုးဝှက် အိမ်တွင်းဝင်ရောက် ခဲ့သော ဂျွန်ဝီလျှံယိတော
အမေရိကန်နိုင်ငံသား၊ မစ်ဇူရီပြည်နယ်၊ ဖယ်လ်ကွန်မြို့သားတဲ့။
တို့နိုင်ငံထဲကို ကမ္ဘာလှည့်ခရီးသည်အသွင်ယူပြီး..................
လာခိုးတွေ့တာတဲ့............ ဟင်း -------
လာခိုးတွေ့တာကလည်း (၂)ရက်နဲ့(၁)ညတောင်ပါလား---အင်း --လောကနိတိလေးသွားပြီး
သတိရမိတယ်--- ´´ ခပ်သိမ်းသောမြစ်တို့သည် မြစ်ကောက်သာရှိကုန်၏ ၊ ခပ်သိမ်းသော
တောတို့သည် ထင်းဖြင့်သာ ပြီးကုန်၏ ၊ ခပ်သိမ်းသော မိန်းမတို့သည်
ဆိတ်ငြိမ်သော အရပ်ကိုရရှိသော် မကောင်းမှုကိုပြုမြဲတည်း---တဲ့ ´´
´´ ဥသြတို့၏ အဆင်းကား အသံလျှင်တည်း၊ မိန်းမတို့၏အဆင်းကား
လင်ကိုမြတ်နိုးခြင်းတည်း ၊ ယောကျာင်္းတို့အဆင်းကား
အတတ်ပညာတည်း ---တဲ့ -- ။
´´ အိမ်တွင်းမှုလုပ် ၊ သိမ်းထုပ်သေချာ
မိစ္ဆာကျဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ
ပျင်းရိမမူ ၀တ်ငါးဆူ ´´ အိမ်သူကျင့်ဝတ်တာ ---တဲ့ --။
သြော်...... တို့ မြန်မာအမျိုးသမီးတွေရဲ့ ထိန်းသိမ်းရမဲ့ကျင့်ဝတ်တွေ
လောကနီတိတွေဟာ --- ကမ္ဘာတည်သရွေ့တိုင်စေပြီး ----
ဘေးအမှောင့် ပရောဂ မပါသော် ကောင်းလေစွ------- ။
မိအေး
No comments:
Post a Comment